သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-04
၂ဝ၁၇ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နှစ်သစ်ကူးညက အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် အောင်ရဲထွေးရဲ့ မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-01-04
ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံအတွက် ဧရာမ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းခန့်ကို မြန်မာပြည်ပြန်ပို့လိုကြောင်း မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။
2018-01-04
အရက်သေစာနဲ့ ကင်ဆာဖြစ်ပွားမှုဆက်စပ်ပုံကို ဗြိတိန် သုတေသနပညာရှင်တွေက ဗုဒ္ဓဟူနေ့မှာ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2018-01-04
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာလာတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက ကိုယ့်သဘောနဲ့ နေရပ်ပြန်ချင်သူတွေအတွက် ဖြည့်ရမဲ့ပုံစံစာရွက်တွေမှာ ထည့်သွင်းဖို့လိုအပ်တဲ့ အချက်အလက်တွေကို နောက်သီတင်းပတ်မှာ စတင်ကောက်ယူမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေး ကော်မရှင်မင်းကြီးက RFA ကို ပြောကြားလိုက်ပါတယ်။
2018-01-04
ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ဒီကနေ့မှာတော့ နမ့်ဆန်၊ လားရှိုး၊ မန္တလေးမြို့တွေက စေတနာရှင်တွေက လာရောက်ကူညီတာတွေရှိနေပေမယ့် အလှမ်းဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ စစ်ဘေးဒုက္ခသည်တွေအတွက်တော့ အကူအညီတွေ အရောက်နည်းနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2018-01-04
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ KIA ၊ TNLA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း KIA နဲ့ TNLA အဖွဲ့တို့ဟာ ငြိမ်းချမ်းရေးကိုလစ်လျူရှုပြီး အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို ရေရှည် လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထား ပါတယ်။
2018-01-04
ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ဟာ ပြည်သူတွေလိုလားနေတဲ့ ငြိမ်ချမ်းရေးကို လျစ်လျုရှုပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရေရှည်လျှောက်လှမ်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်းနဲ့ မြန်မာစစ်တပ်က တိုင်းရင်းသားနယ်မြေတွေကို ထိုးစစ်ဆင်လာတာကြောင့် ခုခံစစ်ဖြစ်ရတာလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
2018-01-04
မကြာခင်ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေကို ပြင်ဆင်ဖြည့်စွက် အတည်ပြုပြဌာန်းနိုင်ဖို့ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီနှစ်ရပ် က ဖားကန့်မြို့ စုပေါင်းရုံးခန်းမမှာ ပြည်သူ့အသံကို ဒီကနေ့ ကြားနာခဲ့ပါတယ်။
2018-01-04
ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီအစည်းအဝေးကို စစ်တွေမြို့မှာ ရှိတဲ့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီနေ့ စတင်ကျင်းပနေပြီး တက်ရောက်လာတဲ့ မြို့နယ်ကိုယ်စားလှယ်တွေက ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
2018-01-04
ပြည်သူ့လွှတ်တော် သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီနဲ့ ဥပဒေကြမ်း ကော်မတီက မကြာခင် ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဌာန်းနိုင်ဖို့ ဖားကန့်မြို့မှာ ကျောက်စိမ်းလောကသားတွေ၊ ဥပဒေရေးရာ နယ်ပယ်က တချို့အပါအဝင် အပါအဝင် ဒေသခံပြည်သူတွေရဲ့ အသံတွေကို ဒီကနေ့ ကြားနာခဲ့ပါတယ်။
2018-01-04
ဟာသ သရုပ်ဆောင် အောင်ရဲထွေး ခေါ် ရဲထွေးအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ ၃ ယောက်ကို သုဝဏ္ဏ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
2018-01-04
ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရင် NLD ပါတီအနေနဲ့ မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်အရွေးချယ် ခံမှာဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။
2018-01-04
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အစပ်က အာပြောင်၊ ကြက်သေ၊ ဟင်ကြိုင်း၊ ကျောက်ဖြူလေး စတဲ့ကျေးရွာတွေအနီးမှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ တစ်ထောင်ကျော်နေပြီဖြစ်ပါတယ်။
2018-01-03
အနှစ် ၇ဝ မြောက် လွတ်လပ်ရေးနေ့ အမှတ်တရအဖြစ် ဗိုလ်ချုပ်အောင်ဆန်း နောက် ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်တချို့ကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2018-01-03
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အစပ်က ကျေးရွာတွေဖြစ်တဲ့ အာပြောင်၊ ကြက်သေ၊ ဟင်ကြိုင်း၊ ကျောက်ဖြူလေး စတဲ့ ကျေးရွာတွေတဝိုက်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောက်မဲမြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ တစ်ထောင်ကျော်နေပြီဖြစ်ပါတယ်။