နမ့်ဆန်မြို့နယ်က စစ်ပြေးဒုက္ခသည်များ
2018.01.04
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အစပ်က အာပြောင်၊ ကြက်သေ၊ ဟင်ကြိုင်း၊ ကျောက်ဖြူလေး စတဲ့ကျေးရွာတွေအနီးမှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ တစ်ထောင်ကျော်နေပြီဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကံသာ တင်ပြထားပါတယ်။