TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်
2018.01.04
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ KIA ၊ TNLA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း KIA နဲ့ TNLA အဖွဲ့တို့ဟာ ငြိမ်းချမ်းရေးကိုလစ်လျူရှုပြီး အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို ရေရှည်လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်မတော်ဘက်က ဖိအားပေးတိုက်ခိုက်မှုတွေများလာရင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကွတ်ခိုင်၊ မုံးကိုး စတဲ့ ဒေသတွေက အစိုးရတပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သလိုမျိုး တိုက်ပွဲ ဧရိယာ ကျယ်ပြန့်သွားမလားဆိုတာ မပြောနိုင်သေးဘူးလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။