နေရပ်ပြန်လိုသူ ဒုက္ခသည်စာရင်း စတင်ကောက်ခံတော့မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြောကြား


2018.01.04
bangladesh-rohingya-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်
Photo: UNHCR

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာလာတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက ကိုယ့်သဘောနဲ့ နေရပ်ပြန်ချင် သူတွေအတွက် ဖြည့်ရမဲ့ပုံစံစာရွက်တွေမှာ ထည့်သွင်းဖို့လိုအပ်တဲ့ အချက်အလက်တွေကို နောက်သီတင်းပတ်မှာ စတင်ကောက်ယူမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေး ကော်မရှင်မင်းကြီးက RFA ကို ပြောကြား လိုက်ပါတယ်။

ဒုက္ခသည်ကယ်ဆယ်ရေးကော်မရှင်မင်းကြီး 'အဘူလ် ကာလမ်မ်' က ပုံစံစာရွက်တွေကို ဒီသီတင်းပတ်ထဲမှာရရှိခဲ့ပြီး ဖြည့်စွက်ရမယ့် သတင်းအချက်အလက်တွေကိုကောက်ယူမယ့် ကော်မတီကို ဦးဆောင်သွားမယ်လို့ မနေ့က ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံတွင်းက ထွက်ခွာသွားသူတွေထဲ ကိုယ့်သဘောနဲ့ကိုယ်ပြန်ချင်သူတွေကို ပြန်လည်လက်ခံရေးကိစ္စကို ဇန်နဝါရီလ၂၂ ရက်နေ့မှာစတင်ဖို့အတွက် ပြီးခဲ့တဲ့၂၀၁၇ နိုဝင်ဘာ နှောင်းပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

လိုအပ်တဲ့အချက်အလက်တွေကို ဒီသီတင်းပတ်ကုန်တာနဲ့ စတင်ကောက်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ပြန်လိုသူတွေဖြည့်ရမယ့်ပုံစံစာရွက်မှာ ထည့်ဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေ ကောက်ယူဖို့ ဝန်ထမ်းတွေခန့်သွားမှာဖြစ်ပြီး အဲဒီပုံစံစာရွက်တွေကို ဒုက္ခသည်တွေဆီဝေလိုက်မှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ရေးလုပ်ငန်းစတင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနနဲ့ တခြားသက်ဆိုင်ရာဝန်ကြီးဌာနတွေကပုဂ္ဂိုလ်တွေပါဝင်တဲ့ နည်းပညာကော်မတီကို အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့ထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။