သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-06
ရခိုင်ပြည်နယ်က နေရပ်ရွှေ့ပြောင်းရသူတွေအတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်အလုံး ၁၀၀ လောက်ကို မြန်မာအာဏာပိုင်တွေကို တရုတ်နိုင်ငံက မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
2018-01-06
ရိုဟင်ဂျာအခြေအနေဟာ လူမျိုးတုံးရှင်းလင်းရေး လှုပ်ရှားမှုကို စနစ်တကျ ဖော်ဆောင်တာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ပြစ်မှုဖြစ်တာမို့ နည်းလမ်းပေါင်းစုံနဲ့ ရပ်တန့်အောင်လုပ်ရမယ်လို့ OIC လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မရှင်က သောကြာနေ့ မှာထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။
2018-01-06
အမေရိကန်ပြည်ထောင်စုရှိ ဂျူးလူမျိူးအဖွဲ့အစည်းနဲ့ ခေါင်းဆောင် ၃ဝဝ ကျော်က အမေရိကန် အထက်လွှတ်တော်ကို စာတစ်စောင်ရေးသားပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုဥပဒေကို အမြန်ဆုံးအတည်ပြုဖို့ သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။
2018-01-06
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart ဆူရာကီယတ် က ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေနဲ့ သတင်းထောက်တွေ လွတ်လပ်စွာ သွားလာ ခွင့်ပြုသင့်ကြောင်း မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2018-01-06
ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီအစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုး ပဲဖြစ်ဖြစ် နုတ်ထွက်စာကို ရုပ်သိမ်းမှာမဟုတ်ကြောင်း ဒေါက်တာအေးမောင်က ဒီနေ့ ပြောလိုက်ပါတယ်။
2018-01-06
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီနေ့မနက် ၃ နာရီကျော်လောက်က စွန့်ပစ်မြေစာပုံ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို ဖားကန့်ဆေးရုံ ပို့ဆောင်ထားရပါတယ်။
2018-01-06
ကရင်ပြည်နယ် ဘားအံမြို့နယ် လွန်းညကျေးရွာက လယ်ယာသုံးလမ်းမှာ ကျောက်သယ်ယာဉ် ကြီးတွေ သွားလာမှုကို ကန့်ကွက်တဲ့အနေနဲ့ ဒေသခံတောင်သူတွေက ကွန်ကရစ်ကျောက်တိုင် စိုက်ထားတာကို ဖယ်ရှားပေးဖို့ မြို့နယ် အုပ်ချုပ်ရေးရုံးက မနေ့က စာထုတ်လိုက်ပါတယ်။
2018-01-06
ရန်ကုန်တိုင်း ဆန်ဈေးကွင်းအတွင်း ငွေကျပ်သိန်းပေါင်း ၅သောင်းကျော် လိမ်လည်မှုဖြစ်ပေါ်ခဲ့တာဟာ ဆန်ကုန်သည်တွေရဲ့ လောဘကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီနေ့ ပြောပါတယ်။
2018-01-06
မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ဟာ ဝန်ကြီးအဖြစ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်းစာ ပါတီဌာနချုပ်ထံ မရောက်ရှိသေးဘူးလို့ NLD ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က ဒီနေ့ ပြောပါတယ်။
2018-01-06
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားမှုတွေထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက် ချက်တွေအပေါ် တိုင်ကြားမှု အများဆုံးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ဒီနေ့ ပြောပါတယ်။
2018-01-06
ကချင်အမျိုးသားအစည်းအရုံး KNO က မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံ အနှံ့အပြားမှာ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ရှုတ်ချကြောင်းနဲ့ လက်ရှိအစိုးရကလည်း တပ်မတော်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးနေကြောင်း မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။
2018-01-06
ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဖမ်းဆီးပြီး အစိုးရ လုံခြုံရေးအက်ဥပဒေနဲ့ အရေးယူထားတာဟာ မြန်မာပြည်မှာရှိတဲ့ သတင်းထောက်အားလုံးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Freedom House အဖွဲ့က ဇန်နဝါရီ ၅ ရက် မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2018-01-05
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရသူ ၅ ဦးကို တရားရုံးက ထိုးခိုင်းတဲ့ ခံဝန်ကို မထိုးတဲ့အတွက် ဖမ်းဆီးချုပ်နှောင်ထားဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
2018-01-05
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် SEA နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Palm Spring Resort မှာ ပြုလုပ်နေချိန်မှာ မြစ်ဆုံဒေသခံရွာသားတွေက ဧရာဝတီမြစ်ဆုံစီမကိန်းကို ဆက်လက်အကောင်အထည်မဖော်ဖို့ အဲဒီဟိုတယ်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2018-01-05
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီး-ဂိုက်ထိပ်ဒေသအတွင်းမှာ KIA က တဖက်နိုင်ငံကို တရားမဝင် သစ်ခိုးထုတ်မှုတွေ ဆောင်ရွက်နေကြောင်းနဲ့ တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခု ဇန်နဝါရီလ ၃ ရက်နေ့အထိ ကေအိုင်အေရဲ့ စခန်းငယ် ၁၈ ခုနဲ့ အဓိကစခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။