မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ဂျူးအဖွဲ့တွေ တိုက်တွန်း


2018.01.06
military-leaders-622.jpg ၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ မြန်မာ့တပ်မတော် အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA

အမေရိကန်ပြည်ထောင်စုရှိ ဂျူးလူမျိူးအဖွဲ့အစည်းနဲ့ ခေါင်းဆောင် ၃ဝဝ ကျော်က အမေရိကန် အထက်လွှတ်တော် ကို စာတစ်စောင်ရေးသားပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုဥပဒေကို အမြန်ဆုံးအတည်ပြု ဖို့ သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

အဲဒီ ဥပဒေကို အတည်ပြုပြဌာန်းခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်ပွားလာရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ သည်းခံနေမှာ မဟုတ်ဘူးဆိုတဲ့အချက်ကို မြန်မာစစ်တပ်နဲ့ နိုင်ငံတကာက ကောင်းစွာသိရှိမှာဖြစ်တယ်လို့ လည်း ပေးပို့စာထဲမှာ ဖေါ်ပြထားပါတယ်။

မိမိတို့ ဂျူးလူမျိုးတွေအနေနဲ့ လူမဆန် ရက်စက်မှုတွေ ထပ်မံဖြစ်ပွားတာမျိုးကို ရေငုံနှုတ်ပိတ်နေမှာ မဟုတ်ဘူး လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို နှိပ်စက်ညှဉ်းပန်းခဲ့မှုတွေအတွက် မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို ပစ်မှတ်ထားပိတ်ဆို့ အရေးယူမယ့် အဲဒီ ဥပဒေကြမ်းကို နိုဝင်ဘာလမှာ အထက်လွတ်တော်အမတ် John McCain နဲ့ Ben Cardin တို့က ကမကထပြု တင်သွင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။