သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-23
၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တကယ် အထောက်အကူပြုမယ့်နှစ် ဟုတ်မဟုတ် ဆိုတဲ့ခေါင်းစဉ် နဲ့ ဟောပြောပွဲတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က National Endowment for Democracy ( NED ) အဖွဲ့ရဲ့ရုံးချုပ်မှာ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ တစ်ဦးဖြစ်သူ မဇင်မာအောင် က ကြာသပတေးနေ့က ဟောပြောခဲ့ပါတယ်။
2015-01-22
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြသွားမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။
2015-01-22
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ မန္တလေးမြို့ကနေချီတက် လမ်းလျှောက်လာတဲ့ ကျောင်းသား ကျောင်းသူတစ်ရာကျော်ဟာ ကျောက်ဆည်မြို့ကနေ ဒီနေ့ထွက်အလာမှာ မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဆန္ဒပြခွင့်တင်ဖို့ လာရောက်ပြောကြား ခဲ့ပါတယ်။
2015-01-22
ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ ဆန့်ကျင်ကန့်ကွက်ထားတဲ့ မျိုးစောင့်ဥပဒေ ကြမ်းတွေထဲက "မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း" နဲ့ "တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း" တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
2015-01-22
ကချင်နှစ်ချင်းအသင်းတော်က သာသနာပြု ဆရာမနှစ်ဦး အသတ်ခံမှုနဲ့ ပတ်သက် ပြီး မြန်မာအစိုးရအနေနဲ့ အမှုကျူးလွန်သူတွေကို စုံစမ်း အရေးယူပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက် ပါတယ်။
2015-01-22
မြန်မာနိုင်ငံသားတွေ အထူးသဖြင့် လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်မျိုးကို တန်ဖိုးထားတတ်အောင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့ စီစဉ်ရတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2015-01-22
မွတ်စလင်ခေါင်းဆောင် ဒေါက်တာ ထွန်းအောင်ကို အခုလ ၁၉ ရက်နေ့ က ပြန်လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲမှုအတွက် အပြုသဘောဆောင်တဲ့ ခြေ လှမ်းတစ်ရပ်ဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ် Aaron Schock နဲ့ ချက်သမ္မတနိုင်ငံအခြေစိုက် PFF ပရက်ဂ် လွတ်မြောက်ရေး ဖောင်ဒေးရှင်းတို့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2015-01-22
ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တွေရဲ့လစာကို တစ်လ ကျပ် ၁၀ သိန်းအထိပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
2015-01-22
နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံပွဲ ကို အမြန်ဆုံးကျင်း ပပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ ဒီနေ့ သဝဏ် လွှာပေးပို့လိုက်ပါတယ်။
2015-01-22
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ မန္တလေး၊ ပခုက္ကူနဲ့ ထားဝယ်မြို့က ကျောင်းသား ၊ ကျောင်းသူတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တွေက အမျိုးမျိုးဖိအားပေးတာတွေ ရှိနေပါတယ်။
2015-01-22
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း မနေ့က RFA ကို ပြောခဲ့ပါတယ်။
2015-01-22
အမျိုးသားပညာရေးဥပဒေကြမ်း ညှိနှိုင်းပြင် ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်မြို့အထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ကျန်မာရေးနဲ့ တခြားအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုနေရိန်ကျော်က တင်ပြမှာပါ။
2015-01-22
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ပရိသတ်တွေ ရှု့စားရမှာပါ။
2015-01-22
ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖြစ်ခဲ့ရင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတင်ပြလိုတဲ့ အကြံပြုချက်တွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၂ဝ၁၅ ဇန်နဝါရီလ (၂၁)ရက် ဒီနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တောင်းခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-01-22
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် ချူပ်ဆိုဖို့ဟာ မဖြစ်နိုင်ဘူးလို့ ၂၀၁၅ ဇန်နဝါရီ (၂၁) ရက် ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC နဲ့ NCCT ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ NCCT ဒုအဖွဲ့ ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော်က ပြောဆိုပါတယ်။