ရန်ကုန်ကို ချီတက်ဆန္ဒပြတဲ့ မန္တလေးကျောင်းသားတွေ အကြောင်း မေးမြန်းချက်


2015.01.22

အမျိုးသားပညာရေးဥပဒေကြမ်း ညှိနှိုင်းပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်မြို့အထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ကျန်မာရေးနဲ့ တခြားအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုနေရိန်ကျော်က တင်ပြမှာပါ။

ကိုနေရန်ကျော်။                   ။ကျေုာင်းသားတွေ အခုဆရာဝန်တွေဘာတွေ ဆေးထိုးပေးနေတာတွေသိရတယ်၊ အဲ့ဒါဘယ်လိုဖြစ်ကြတာလဲ။

ကိုမင်းသွေးသစ်။                  ။ရာသီဥတုကလည်းပြင်းတယ်လေ၊ ပြီးတော့ ကျနော်တို့ သွားတဲ့လမ်းတလျှောက်ကလည်း တစ်မြို့နဲ့တစ်မြို့ကြားမှာ အရိပ်ကလည်းသိပ်မရှိဘူးဆိုတော့ ဖျားကြတယ်ထချို့တွေဖကျတော့ နောက် လမ်းလျှောက်တော့ ခြေထောက်တွေ အဆစ်တွေရောင်လာတာတွေရှိတယ်၊ တစ်ယောက်ပြီးတစ်ယောက် ဖျားနေရာအဲ့လို အားဆေးသွင်းရတာတို့ အကိုက်အခဲပျောက်ဆေး လုပ်ရတာတို့၊ ဒီနေ့ဆိုရင် ရတာပူံတက္ကသိုယ်ကကျောင်းသား ကျောက်ဆည်မြို့ကိုရောက်ပြီးမှ ခြေထောက်တွေ ကြွက်တက်ပြီးတော့ သူပစ်လဲသွားတယ်၊ လဲသွားတဲ့အချိန်မှာ သတိကလစ်သွားလို့ မန္တလေးက ဆရာဝန်တစ်ယောက်နဲ့ ပလင်းကြီးချိတ်လိုက်တော့မှ သတိပြန်ရလာတာ၊ အခုလောလောဆယ် သူပြန်သက်သာလာပါပြီ။

ကိုနေရိန်ကျော်။                   ။အဲ့ဒီတော့ ခင်ဗျားတို့ဘယ်လိုစဉ်းစားလဲ၊ မနက်ဖြန်ဆက်ထွက်မလား နားကြမလား။

ကိုမင်းသွေးသစ်။                  ။ကျနော်တို့ကတော့ ရက်ကအခု လှမ်းပြီးကြိုချိတ်ထားတာမို့လို့ ကျနော်တို့ဆက်ပြီးထွက်ရမှာပဲ၊ ဆက်ထွက်မယ်ဆိုတော့ အခုကျနော်တို့အထဲက ဖျားနေတဲ့လူတွေနဲ့ လမ်းသိပ်မလျှောက်နိုင်တဲ့လူတွေကို မနက်ပိုင်း တပိုင်းလုံးလောက်ကားပေါ်တင်ထားပြီး ကျန်တဲ့လူတွေ လျှောက်နိုင်တဲ့လူတွေကတော့ တောက်လျှောက်လျှောက်သွားမယ်ပေါ့၊ မနက်ဖြန်မြစ်သားမြို့ကိုရောက်အောင်လို့ သွားရမှာဆိုတော့ အဲ့ဒီမှာရှိတဲ့အဖွဲ့တွေကလည်း စီစဉ်ထားပြီးသားဖြစ်နေတယ်။

ကိုနေရိန်ကျော်။                   ။ကျောက်ဆည်နဲ့ မြစ်သားမြို့ အားလုံးဘယ်နှစ်မိုင်လောက်ရှိမလဲ။

ကိုမင်းသွေးသစ်။                  ။လောလောဆယ် ကျနော်တို့သိရသလောက် မိုင် ၂ဝ ရှိတယ်၊ ပထဆုံးနေ့က မန္တလေး အိမ်တော်ရာဘုရားကနေပြီးတော့ ပလိပ်မြို့အထိကို ၁၇ မိုင်ခွဲရှိတယ်၊ ပလိပ်မြို့ကနေပြီးတော့ ကျောက်ဆည်မြို့ကို ၁၅ မိုင်ပေါ့၊ ဒါပေမဲ့ ကျနော်တို့ လမ်းမှာကျောက်ဆည်ဘက်က ပတ်လာတယ်ဆိုတော့ ၁၈ မိုင်လောက်ရှိတယ် ကျနော်တို့ လျှောက်တယ်ပေါ့။

ကိုနေရိန်ကျော်။                   ။လူထုတွေတော့ တော်တော်ကြိုကြတာ ဓါတ်ပုံထဲတွေမှာတွေ့တာပဲ။

ကိုမင်းသွေးသစ်။                  ။ဟုတ်တယ် အစ်ကို၊ မြို့ထဲဝင်ခါနီးကစပြီးတော့ မြို့ထဲမှာရှိတဲ့ နိုင်ငံရေးလူတစ်ချို့က လာပြီးတော့ကြိုကြတယ်၊ သူတို့လည်းအတူူတူ လမ်းလိုက်လျှောက်ပေးတယ်၊ အားပေးတယ်ပေါ့၊ မြို့ထဲဝင်တဲ့အခါမှာလည်း ဒီလမ်းတိုင်းလမ်းတိုင်းက လူတွေတော်တော်များများ ထွက်ပြီးကြိုကြတယ်၊ ကျနော်တို့ တစ်မြို့နဲ့ တစ်မြို့ကြားမှာရှိတဲ့ ရွာတွေမှာလည်း ရွာထိပ်ကိုလူတွေထွက်လာပြီးတော့ ရေပေးတာတို့ အစားအသောက်ပေးတာတို့ ကျနော်တို့ကို ဆေးပေးတာတွေ၊ ထွက်ပြီးတော့ လက်ပြတာတွေ အဲ့လိုတော့ အားပေးတာတွေတေ့ွပါတယ်။

ကိုနေရိန်ကျော်။                   ။အခုကျောက်ဆည်မှာတည်းမယ့် ဘုန်းကြီးကျောင်းကို အာဏာပိုင်တွေက နည်းနည်းဖိအားပေးလို့ဆိုတော့ ဘယ်မှာတည်းနေကြလဲ။

ကိုမင်းသွေးသစ်။                  ။ဆရာတော်အနေနဲ့တော့ လက်ခံပါတယ်၊ ကျနော်တို့ကတော့ ဆရာတော် အကျဉ်းထဲအကျပ်ထဲ ဖြစ်နေမှာစိုးတဲ့အတွက် လုန်းကြီးကျောင်းမှာတည်းမဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီးတော့ ABSDF ဥက္ကဌ ကိုသံခဲတို့အမေအိမ်မှာ တည်းပါတယ်၊ ဒီကိုရောက်နေတဲ့အချိန်မှာပဲ ကျောက်ဆည်မြို့နယ် အာဏာပိုင်တွေက ရောက်လာပြီး ကျနော်တို့ကို ငြိမ်းစုစီပုဒ်မနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာရှိလို့ပါလို့ ပြောပါတယ်၊ ကျနော်တို့ကတော့ ဘာမှမဆွေးနွေးလိုဘူး၊ ကျနော်တို့ မူလချထားတဲ့ အစီအစဉ်အတိုင်း သွားမှာဖြစ်တဲ့အတွက် မဆွေးနွေးလိုပါဘူးလို့ ပြောလိုက်တော့ သူတို့ပြန်သွားတယ်၊ နောက်နယ်စပ်ရေးရာဝန်ကြီးပေါ့ မန္တလေးတိုင်းကပါ သူကကျနော်တို့နဲ့ တွေ့ချင်တယ်လို့ ဆိုပြီးပြောတယ်၊ ကျနော်တို့က လွှတ်လိုက်တဲ့လူကို အကြောင်းပြန်လိုက်တယ်၊ တွေ့ရမယ့် အကြော်းရင်းကသာ ကြိုပြီးသိရမှ တွေ့သင့်မတွေ့သင့် ကျနော်တို့ ဒီမှာရှိနေတဲ့ ကျောင်းသားတွေအားလုံးကို ပြောပြပြီးဆုံးဖြတ်မှာဖြစ်လို့ တွေ့ရမယ့်အကြောင်းအရာ အရင်ပြောပါလို့ ပြောလိုက်တော့ သူပြန်ပြောပေးပါ့မယ်ဆိုပြီးတော့ ဝန်ကြီးလွှတ်လိုက်တဲ့လူလည်း ပြန်သွားတယ်ပေါ့၊ မနက်ဖြန်မနက်တော့ ကျနော်တို့နဲ့ ကျောက်ဆည်မြို့နယ်က လွှတ်တော်က ကျောင်းသားတွေနဲ့ တွေ့ချင်တယ်လို့ ပြောထားတဲ့အတိုင်း ကျနော်တို့ မနက်ဖြန်မနက် ၈ နာရီထိုးတွေ့ဖို့ရှပါတယ်။

ကိုနေရိန်ကျော်။                   ။ဟုတ်ကဲ့ ကိုမင်းသွေးသစ်ရေ အခုလိုပြောပြတာ။

ဟုတ်ကဲ့၊ ဟုတ်ကဲ့။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။