ဗိုလ်ချုပ်လိုခေါင်းဆောင်မျိုးကို တန်ဖိုးထားတတ်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြော


2015.01.22
dassk-nld-members-305.jpg လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရစဉ်
photo: NLD Facebook

မြန်မာနိုင်ငံသားတွေ အထူးသဖြင့် လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို တန်ဖိုးထား တတ်အောင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ စီစဉ်ရ တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော ပါတယ်။

ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျမ အခုအသက် ၇ဝ ရှိတော့မယ်၊ ဒီအသက်အရွယ် အထိ တခါမှ ဖေဖေ့ရဲ့လုပ်ရပ်တွေကြောင့်မို့ ကျမ မျက်နှာပူခဲ့ရတယ်ဆိုတာ ဘာမှမရှိဘူး၊ ကိုယ့်အဖေကို ဂုဏ်ယူနိုင်တယ်၊ ခေါင်းဆောင်ကောင်းတစ်ဦး ပီသတယ်ဆိုပြီး လက်ခံနိုင်တယ်၊ ကျမကလည်း အဖေအနေနဲ့ ချစ်တာသတ်သတ်၊ ခေါင်းဆောင် တစ်ယောက်အနေနဲ့လည်း လေးစားတယ်၊ ကြည်ညိုတယ်၊ အတုယူတယ်၊ အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ မှန်မှန်ကန်ကန် အခက်အခဲတွေကြားထဲကနေလုပ်ခဲ့တာ"

တိုင်းရင်းသားတွေအကြား စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကြိုးစားမှသာ တိုင်းပြည်တိုးတက်မှာဖြစ်ကြောင်း နဲ့ ပြဿနာတွေရှိတာကိုလက်ခံပြီး နားလည်မှုနဲ့ဖြေရှင်းနိုင်ဖို့ လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကို စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ ဒီနေ့ လာရောက်လေ့လာကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။