၆ ပွင့်ဆိုင်တွေ့ဆုံပွဲ အမြန်ဆုံး ကျင်းပပေးဖို့ သမ္မတကို လွှတ်တော် တိုက်တွန်း


2015.01.22
ushweman-305.jpg ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
photo: Internet

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့  ၆ ပွင့်ဆိုင်တွေ့ဆုံပွဲကို အမြန်ဆုံးကျင်းပပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ ဒီနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

၆ ပွင့်ဆိုင် တေ့ွဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ လိုအပ်ကြောင်း သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်မှာ အခုလိုတင်ပြခဲ့ပါတယ်။

"နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက်၎င်း၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်၎င်း၊ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက်၎င်း ပိုမိုကောင်းမွန်သော အကျိုးရလာဒ်များ ဖြစ်ထွန်း လာနိုင်မည်ဖြစ်ပါသည်၊ ပထမအကြိမ်တွေ့ဆုံပြီး ဆွေးနွေးပွဲမူဘောင်အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ညှိနှိုင်းသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သော ၆ ဦးအဖွဲ့ တွေ့ဆုံရေးကို စောလျင်စွာပြုလုပ် ရန် လိုအပ်ပါကြောင်း ပြန်ကြားအပ်ပါသည်"

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံပွဲကျင်းပပေးဖို့ အဆိုအပေါ် နိုင်ငံတော်သမ္မတက ၆ ပွင့်ဆိုင်ထက် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲမျိုးဖြစ်ဖို့လိုအပ်ကြောင်း တိုက်တွန်းတဲ့သဝဏ်လွှာကို ဒီလ ၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ခဲ့ပါတယ်။

သမ္မတရဲ့သဝဏ်လွှာအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အကြောင်းပြန်တဲ့ သဝဏ်လွှာကို ဒီနေ့ ပြန်လည်ပေးပို့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။