သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-14
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမ ၉ လအတွင်း ပဲမျိုးစုံတန်ချိန် တစ် သန်း နိုင်ငံခြားကို တင်ပို့နိုင်ပြီး ရောင်းရငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိတယ်လို့ စနေနေ့က အစိုးရသတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
2017-01-14
မြန်မာ့စပါးအုံးလို့ နာမည်ကျော်တဲ့ ကချင်တိုင်းရင်းသား အောင်လ အင် ဆန်း Aung La N Sang နဲ့ လက်ရှိ ချန်ပီယံ ရုရှားလူမျိုး ဗစ်တလီ ဘစ်ဒက်ရှ် Vitaly Bigdash တို့ ONE Middleweight World Championship နံပါတ်တစ် ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုအတွက် မနေ့ညက ယှဉ်ပြိုင်ထိုး သတ်ခဲ့ကြရာမှာ ဘစ်ဂ်ဒက်ရှက် အနိုင်ရသွားပါတယ်။
2017-01-14
အများပိုင်ယာဉ်လိုင်းစနစ်တွေ ပြု လုပ်ပြောင်းလဲပြီးနောက်ပိုင်း ယာဉ်ကြော ပိတ်ဆို့မှုတွေ ကင်းဝေးအောင် အငှားယာဉ်တွေနဲ့ ပတ်သက် ပြီး ပြုပြင်ပြောင်းလဲသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2017-01-14
မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖဲ့ွ ဝင်တွေဟာ လာမယ့်တစ်ပတ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။
2017-01-14
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုး တန်ကောက်နယ်ခြားစောင့်ရဲစခန်းကို ဒီနေ့ သွားရောက်လေ့ လာခဲ့ပါတယ်။
2017-01-14
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံညှိနှိုင်း ဖို့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က အစိုးရကို စာရေးသားပေး ပို့ထားပါတယ်။
2017-01-14
တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ-ထိုင်းနယ်စပ်နားက အေးမွန်သာ ခေါ် ချောင်ချိကျေးရွာမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေ ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာကြောင့် ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
2017-01-14
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရဲ့ ပရိဝုဏ်အတွင်းက ဖျက်သိမ်းဖို့ ညွှန်ကြားထားတဲ့ ရိုးရိုးလေးဟိုတယ် အခန်း ၁ဝ၆ ခန်းကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ တာကြောင့် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အရင်ဆုံးဖြတ်ချက်အတိုင်း ဖျက်သိမ်းဖို့ သဘောထားကြေငြာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2017-01-13
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ဟာ မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး၊ ရခိုင်ပြည်နယ်နဲ့ တခြား တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့် အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းအကြံပြုခဲ့ပါတယ်။
2017-01-13
TNLA တအာင်း-ပလောင် လွတ်မြောက်ရေးတပ်မတော် ရဲ့၅၄ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ပလောင်-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်က ကျေးရွာတရွာမှာ မနေ့က ကျင်းပခဲ့ပါတယ်။
2017-01-13
ရန်ကုန်မြို့က ဘတ်စ်ကားလိုင်းသစ်တွေကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ပြောင်းလဲ ပြေးဆွဲတဲ့ အခါ ပြည်သူတွေ အခက်အခဲမရှိအောင် ကူညီမယ့် စေတနာ့ ဝန်ထမ်း ၃ ရာကျော်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
2017-01-13
မန္တလေးတိုင်းအတွင်းမှာ မောင်းနှင်နေကြတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို ဒေသတွင်း လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းအစိုးရထံတင်ပြ သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဒီကနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ပြန်လည် ဖြေကြား လိုက်ပါတယ်။
2017-01-13
HRW အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသက မွတ်ဆလင်တွေအပေါ် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ၊ သက်သေထွက်ဆို ပြောကြားခဲ့တဲ့ ရုပ်သံဗီဒီယို မှတ်တမ်းတခုကို ၂ဝ၁၆ ဒီဇင်ဘာလ စတုတ္တပတ်က ထုတ်ပြန်ခဲ့ပါတယ်။
2017-01-13
အမေရိကန်ပြည်ထောင်စု အခြေစိုက် Human Rights Watch- လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့် အရေး အစီရင်ခံစာထုတ်ပြန်ပွဲကို ဝါရှင်တန်ဒီစီမြို့တော်က အမျိုးသား စာနယ်ဇင်း အသင်းမှာ ဇန်နဝါရီလ ၁၂ ရက်- မနေ့က ကျင်းပခဲ့ပါတယ်။
2017-01-13
မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရဲဘက် စခန်းတွေကို အခုအချိန်မှာ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှု အတတ်သင်စခန်းတွေအဖြစ်နဲ့ အသွင်ပြောင်းလိုက်ပေမယ့် အရင်လိုအကျင့် ပျက် ခြစားမူတွေအပြင် နှိပ်စက်ညှဉ်းပန်းမှုတွေ တချို့နေရာတွေမှာရှိနေဆဲလို့ ပြောဆိုမူတွေ ရှိနေပါတယ်။