ပဲမျိုးစုံ ဒေါ်လာ သန်း ၁ ထောင်ကျော်ဖိုး တင်ပို့နိုင်ခဲ့
2017.01.14

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမ ၉ လအတွင်း ပဲမျိုးစုံတန်ချိန် တစ်သန်း နိုင်ငံခြားကို တင်ပို့နိုင် ပြီး ရောင်းရငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိတယ်လို့ စနေနေ့က အစိုးရသတင်းထုတ်ပြန်ချက် မှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၅-၁၆ အတွက် တန်ချိန်တစ်သိန်းခွဲ သာတင်ပို့နိုင်ခဲ့တာဖြစ်လို့ အခုနှစ်မှာ ၆ ဆကျော် ပိုပြီးတင် ပို့နိုင်တာဖြစ်ပါတယ်။ မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူတာဖြစ်ပြီး ၈၀% ကို အိန္ဒိယက ဝယ်ယူတာဖြစ်ပါတယ်။
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံ မတ်ပဲနဲ့ ပဲဇင်းငုံကို မနှစ်ကထက်တိုးပြီး ဝယ်ယူဖို့ အဆိုပြုထားပြီး ၂၀၁၇ မှာ တန်ချိန် ၂ သောင်းခွဲစီ ဝယ်ယူမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့အထိ စိုက်ပျိုးရေးထွက်ကုန်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂.၀၇၅ ဘီလျံကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။