မြန်မာ့စပါးအုံး အကောင်းဆုံး အရှုံးသမားလား


2017.01.14
aunglansang-620.jpg မြန်မာ့စပါးအုံးလို့ နာမည်ကျော်တဲ့ ကချင်တိုင်းရင်းသား အောင်လအင်ဆန်း ကို တွေ့ရစဉ်
Photo: Aung La Nsang (facebook)

မြန်မာ့စပါးအုံးလို့ နာမည်ကျော်တဲ့ ကချင်တိုင်းရင်းသား အောင်လ အင် ဆန်း Aung La N Sang နဲ့ လက်ရှိ ချန်ပီယံ ရုရှားလူမျိုး ဗစ်တလီ ဘစ်ဒက်ရှ် Vitaly Bigdash တို့ ONE Middleweight World Championship နံပါတ်တစ် ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုအတွက် မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာမှာ ဘစ်ဂ်ဒက်ရှက် အနိုင်ရသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ  ကျင်းပတဲ့ အဲဒီလက်ဝှေ့ပြိုင်ပွဲမှာ အောင်လအင်ဆန်းဟာ သူ့ရဲ့ တံတောင်၊ ဒူးနဲ့ လက်သီးတွေကို အကောင်းဆုံးအသုံးပြုပြီး ထိုးနှက်ခဲ့ပါတယ်။ ဒုတိယ အချီမှာ အောင်လအင်ဆန်းရဲ့ တံတောင်တွေ ရုရှား ချန်ပီယံရဲ့ မျက်နှာကို ဆက်တိုက်ဝင်သွားခဲ့ရာမှာ မျက်လုံးကို တံတောင်ပြင်းပြင်း တစ်ချက်ထိပြီး ဖူးယောင် သွားခဲ့ပါသေးတယ်။

ဒါပေမဲ့ သူ့ထက် လက်သီးပိုပြင်းတဲ့ ဘစ်ဂ်ဒက်ရှ်က တတိယအချီကစတင်ကာ အသာစီးနဲ့ ထိုးနှက်သွားခဲ့ပြီး ပဉ္စမအချီမှာ အောင်လအင်ဆန်းက တစ်ချက်တည်းနဲ့ ပွဲသိမ်းဖို့တောင်ကြိုးစားခဲ့ပေမယ့် အခြေအနေ မပေးခဲ့ပါဘူး။

နောက်ဆုံးမှာ အကဲဖြတ် ဒိုင်လူကြီးအားလုံးရဲ့ ဆုံဖြတ်ချက်အရ ဗစ်တလီ ဘစ်ဒက်ရှ် Vitaly Bigdash က ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။