တနင်္သာရီမြို့နယ်မှာ ရေကြီး


2017.01.14

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ-ထိုင်းနယ်စပ်နားက အေးမွန်သာ ခေါ်  ချောင်ချိကျေးရွာမှာ ရေလွှမ်းမိုး မှုတွေ ဖြစ်နေပြီး  ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာကြောင့် ကူညီပေးဖို့  ပြင်ဆင်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က  ပြောပါတယ်။ အဲဒီရွာဟာ သွားလာရခက်ခဲတဲ့အတွက် အကူအညီတွေ မရောက်သေးတဲ့အပြင်  လက်ရှိအချိန်မှာ အဆက်အသွယ်ပါ ပြတ်တောက်နေတယ်လို့ ဦးရဲမြင့်ဆွေ ကပြောပါတယ်။  ဦးရဲမြင့်ဆွေ ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။