ရိုးရိုးလေးဟိုတယ်ခန်းတွေကို ဖျက်ဖို့ သာသနာရေးဝန်ကြီးဌာန ထပ်မံပြော
2017.01.14
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရဲ့ ပရိဝုဏ်အတွင်းက ဖျက်သိမ်းဖို့ ညွှန်ကြားထားတဲ့ ရိုးရိုးလေးဟိုတယ် အခန်း ၁ဝ၆ ခန်းကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အရင်ဆုံးဖြတ်ချက်အတိုင်း ဖျက်သိမ်းဖို့ သဘောထားကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။