ရန်ကုန်ဘတ်စ်ကားစနစ်သစ်နဲ့ စေတနာ့ဝန်ထမ်း
2017.01.13
ရန်ကုန်မြို့က ဘတ်စ်ကားလိုင်းသစ်တွေကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ပြောင်းလဲ ပြေးဆွဲတဲ့ အခါ ပြည်သူတွေ အခက်အခဲမရှိအောင် ကူညီမယ့် စေတနာ့ ဝန်ထမ်း ၃ ရာကျော်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။