သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-02
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့် တက်နေမှုကြောင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက လူဦးရေတစ်သိန်းနီး ပါးလောက် ရေဘေးဒဏ်ခံနေရ ပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေကြရပါတယ်။
2016-08-02
မိုဘိုင်းဖုန်း သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၁၇ မတ်လ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေဆီမှာ ကိုယ်ရေး အချက်အလက်တွေနဲ့ မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-08-02
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လုံလောက်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ သီးခြားဘတ်ဂျက်ရရှိရေး အတွက် ဆောင်ရွက်နေတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။
2016-08-02
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ အဆောင်ကောင်းနဲ့ မင်းဇာနည် ငါးအမှုန့် ကြိတ်စက်ရုံ ၂ ရုံဟာ အနံ့ဆိုးတွေ ထွက်နေတဲ့အတွက် တိုင်းအစိုးရက ညွှန်ကြားခဲ့ပေမယ့် မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်း လိုက်ပါတယ်။
2016-08-02
လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ထိုင်းနိုင် ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းပြည် လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်တဲ့ အတွက် လုံခြုံရေးကို တိုးမြှင့်ထားတာကြောင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးသတိပြုသွား လာကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-08-02
အရင်အစိုးရအဆက်ဆက်က ဆောက်လုပ် ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတချို့ ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ် ခဲ့တာတွေ ရှိတဲ့အတွက် တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။
2016-08-02
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ် ချုပ်ရေး ဥပဒေမှာ ဧည့်စာရင်းတိုင်ကြား ရမယ်ဆိုတဲ့အချက်ကို ပြန်လည်ဖြည့်စွက်တဲ့အပေါ် ကန့်ကွက်ကြောင်း ပေးပို့ဖို့အတွက် လက်မှတ်တွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ကောက်ခံနေပါတယ်။
2016-08-02
ဧရာဝတီမြစ်ရေတက်လာတာကြောင့် မန္တလေးမြို့က တောင်သမန်အင်းအပါအဝင် အနီးအနားက မြို့တွေမှာ ရေ ကြီးရေလျှံနေပြီး ဒေသခံတွေ ရေဘေးလွတ် ရာကို ရွှေ့ပြောင်းနေကြရပါတယ်။
2016-08-02
နေပြည်တော် လွှတ်တော်တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရေးရာ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့အခါ အခန်းငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ပေးဆောင် ရမှာဖြစ်ပါတယ်။
2016-08-02
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စည်းဝေးပွဲ အပါအဝင် ပြီးခဲ့တဲ့ရက်က ဝနဲ့ မိုင်းလားအဖွဲ့တို့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ SNDP လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-08-02
မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံ မှုတွေကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေ ရတဲ့ ဒေသခံ နှစ်သောင်းကျော်အတွက် ဆန်တွေ ဝေဖို့ အစိုးရအဖွဲ့က ပြင်ဆင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။
2016-08-02
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီဆွေးနွေးပွဲကနေ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခြေခံမူ ၈ ချက်ကို ယေဘုယျ ဘုံသဘောထားအဖြစ် သတ်မှတ်နိုင်ခဲ့ပေမယ့် သြဂုတ်လကုန်ပိုင်းမှာ ကျင်းပမယ့် ၂၁ ပင်လုံညီလာခံ တက်ဖို့ကိစ္စကိုတော့ တိတိကျကျ ဆုံးဖြတ်ခဲ့ကြတာ မရှိပါဘူး။
2016-08-02
ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ-၂ က ပေါက်ယူယိ ခေါင်းဆောင်တဲ့ UWSA ကိုယ်စားလှယ်အဖွဲ့နဲ့ ဦးစိုင်း လင်းခေါင်းဆောင်တဲ့ NDAA မိုင်းလားအဖွဲ့တို့ဟာ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
2016-08-02
လာမယ့်သြဂုတ်လမှာ ကျင်းပဖို့စီစဉ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ မန္တလေးမြို့ က နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအသင်း အဖွဲ့တွေ၊ လယ်သမား အလုပ်သမားအဖွဲ့တွေ စုပေါင်းပြီး နေ့စဉ် ချီတက် လမ်းလျောက်ပွဲကို တပတ်တိတိ ပြုလုပ်မယ်လို့ သိရပါတယ်။
2016-08-02
အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲတွေကို ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်တဲ့ ရွေးချယ်ပွဲတွေ ပြန်လည်လုပ်ပေးဖို့ အလုပ်သမား ၅၀၀ ကျော်ဟာ ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြပွဲ ပြုလုပ်နေချိန် ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးက တားခဲ့တဲ့ အတွက် ဆန္ဒပြပွဲ ရပ်ခဲ့ရပါတယ်။