ထိုင်းရောက် မြန်မာတွေကို သံရုံး သတိပေး


2016.08.02
myanmar-workers-thai-620.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်တဲ့အတွက် လုံခြုံရေးကို တိုးမြှင့်ထားတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးသတိပြု သွားလာကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံအလုပ်သမားတွေ အပြင်ထွက်တဲ့အခါ ၊ ခရီးသွားလာတဲ့အခါ စာရွက်စာတန်း အထောက်အထားအပြည့်အစုံ ယူဆောင်သွားကြဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် က ပြောပါတယ်။

"သူတို့နိုင်ငံမှာ သူတို့ဘာသာအလုပ်လုပ်တာလေ၊ သူတို့ကိစ္စလုပ်တဲ့အချိန်မှာ ကိုယ့်လူတွေမပါအောင် လို့ပါ၊ ကိုယ့်လူကကြားထဲမှာ သွားရင်းလာရင်းနဲ့ မတော်တဆဖြစ်မှာစိုးလို့ တားတဲ့သဘောပါ၊ သွားစရာရှိရင် အထောက်အထားအပြည့်အစုံနဲ့ သွားဖို့လိုတာပေါ့၊ အထောက်အထားပြည့်စုံလို့ ဖမ်းတာလား၊ မပြည့်စုံလို့ဖမ်းတာလား၊ အဲ့လိုတိတိကျကျသိရင်တော့ ဖွဲ့စည်းထားတဲ့အဖွဲ့ရှိတယ်လေ၊ ကူညီမယ့်အဖွဲ့အစည်းတွေဖွဲ့ထားပြီးသား၊ အဲ့ကော်မတီက သူ့ဘာသာသူလိုက်ရှင်းလိမ့်မယ်"

ထိုင်းရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် စစ်ဆေးမှုခံကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လုံခြုံအေးချမ်းစွာ ကျင်းပနိုင်ဖို့အတွက် ထိုင်းနိုင်ငံ အစိုးရက ရဲတပ်ဖွဲ့ဝင် အတော်များများ ကို လုံခြုံရေးချထားတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ အခက်အခဲတစ်ခုခုရှိလာရင် မြန်မာသံရုံးကို ဆက်သွယ်အကူညီတောင်းကြ ဖို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။