မန္တလေးတိုင်းအတွင်း လူနှစ်သောင်း ရေဘေးလွတ်ရာကို ပြောင်းရွှေ့
2016.08.02
မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေ ရတဲ့ ဒေသခံ နှစ်သောင်းကျော်အတွက် ဆန်တွေ ဝေဖို့ အစိုးရအဖွဲ့က ပြင်ဆင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။
ဝန်ကြီး ဦးမျိုးသစ်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။