မိုင်ဂျာယန်မျက်နှာစုံညီဆွေးနွေးပွဲနဲ့ ၂၁ ပင်လုံ
2016.08.02
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီဆွေးနွေးပွဲကနေ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခြေခံမူ ၈ ချက်ကို ယေဘုယျ ဘုံသဘောထားအဖြစ် သတ်မှတ်နိုင်ခဲ့ပေမယ့် သြဂုတ်လကုန်ပိုင်းမှာ ကျင်းပမယ့် ၂၁ ပင်လုံညီလာခံ တက်ဖို့ကိစ္စကိုတော့ တိတိကျကျ ဆုံးဖြတ်ခဲ့ကြတာ မရှိပါဘူး။ RFA သတင်းထောက် ကိုရဲထက် ပေးပို့ထားတဲ့သတင်းကို RFA ဝိုင်းတော်သားကိုဂျေက တင်ပြထားပါတယ်။