သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-05
မတ္တရာမြို့နယ်အရှေ့ခြမ်း ချောင်းတော်ဝရွာက နေအိမ်နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့သွားပါတယ်။
2024-05-05
ကလေးမြို့နယ်မြောက်ပိုင်း၊ ပြည်တော်သာရွာအနီးမှာဖြစ်နေတဲ့ တိုက်ပွဲအတွင်း ဒေသခံ ဆယ်ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ကိုးဦးဒဏ်ရာရခဲ့ပါတယ်။
2024-05-05
အမ်းမြို့နယ် မင်းတက်ရွာတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
2024-05-05
Development Media Group သတင်းဌာနရဲ့ သတင်းထောက်နဲ့ ရုံးဝန်ထမ်းကို အရင်အမှုဖွင့်ထားတဲ့ ဆက်သွယ်ရေးဥပေဒပုဒ်မကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြောင်းလဲပြီး အမှုဖွင့်လိုက်ပါတယ်။
2024-05-05
ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ်ကလေး အပါအဝင် သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2024-05-05
ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၄၆) လက်အောက်က အရေးပါတဲ့ ဗျူဟာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်ပါတယ်။
2024-05-05
ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးသုံးဦး အပါအ၀င် လေးဦးဒဏ်ရာရခဲ့ပါတယ်။
2024-05-04
မြဝတီမြို့တွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ခြောက်လအတွင်း ထွက်ခွာဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က စာထုတ်ပြန်တာကြောင့် ကျားဖျန့်လုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေကို နေရာပြောင်းပြီး အလုပ်ခိုင်းနေပါတယ်။
2024-05-04
စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်စခန်းနဲ့ လက်အောက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ (၅၆၅)နဲ့ ခမရ (၅၅၁) စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
2024-05-04
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေမှာ ရိုဟင်ဂျာလူမျိုးတွေ ရာဇဝတ်မှုကျူးလွန်ခံနေရပြီး မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA နှစ်ဖက်လုံးရဲ့ အဓမ္မစစ်သားစုဆောင်းမှုခံနေရတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
2024-05-04
ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ်ဟာ နေရာသုံးနေရာကနေ နတ်မြစ်ကိုဖြတ်ကျော်ပြီး ကော့ဘဇားခရိုင်၊ တက္ကနာမြို့ဘက်ကို မေလ ၄ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်လာတာလို့ ဆိုပါတယ်။
2024-05-04
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က မျှော်လင့်တဲ့အကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2024-05-04
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သုံးသန်းကျော် ရှိလာပြီလို့ မေလ ၄ ရက်နေ့မှာ ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်ပါတယ်။
2024-05-04
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2024-05-04
ကချင်ပြည်နယ်က ပူတာအိုမြို့နယ်ကို အဓိက ကုန်ပစ္စည်းတင်သွင်းနေတဲ့ ပူတာအို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကို နှစ်လနီးပါးကြာ ပိတ်ထားတာကြောင့် ဆေးဝါးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။