သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-02
ရိုဟင်ဂျာ မွတ်စလင် ပြဿနာ ပြေလည်စေရေးဟာ မြန်မာအစိုးရပေါ်မှာ မူတည်နေပြီး၊ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး က UNHCR နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
2018-10-02
အများပြည်သူရဲ့ နစ်နာမှုတွေကို ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားတဲ့အခါ အမှုဖွင့်မပေးဘဲ ငြင်းပယ်မယ်ဆိုရင် ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း က ပြောလိုက်ပါတယ်။
2018-10-02
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိန်းဂဏန်းတွေအရ တိုးတက်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုနေပေမယ့် လက်တွေ့ လူမှုဘဝတွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး စီးပွားရေး ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၇ ပါတီက မနေ့က ရက်စွဲနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန် ပြောလိုက်ပါတယ်။
2018-10-02
၂၀၁၆ - ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2018-10-01
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင်တွေရဲ့ Biometric ခေါ် ဇီဝအချက်အလက်တွေ ရယူစုဆောင်းဖို့ ပြည်နယ်တိုင်းကို အကြောင်းကြားထားပြီးဖြစ်သလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မြန်မာနိုင်ငံနဲ့ သံတမန်လမ်းကြောင်းတွေ အရ ဆက်လက်ဆောင်ရွက်မယ်လို့ အိန္ဒိယ ပြည်ထဲရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
2018-10-01
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိန်းဂဏန်းတွေအရ တိုးတက်နေတယ်လို့ အစိုးရ တာဝန်ရှိသူတွေ က ပြောဆိုနေပေမယ့် လက်တွေ့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေး ပါတီပေါင်း ၂၇ ပါတီက မနေ့က ရက်စွဲနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
2018-10-01
ရန်ကုန်တိုင်း ဒေသကြီးရဲ့ ပထမဆုံး အမျိုးသမီး ဥပဒေချုပ် အဖြစ် ခန့်အပ်ခံရတဲ့ ဒေါ်ခင်မျိုးကြည်ဟာ ဒီကနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ဥပဒေချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
2018-10-01
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမထားဘဲ အပြီးတိုင် ဖျက်သိမ်းပေးဖို့ ပညာရှင်တွေ၊ ဒေသခံတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။
2018-10-01
ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာပုဒ်မ ၂၅(ခ) နဲ့ တရားစွဲဆိုထားတဲ့အမှုကို စွဲချက်တင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2018-10-01
ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2018-10-01
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက်(ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး အဓိကတရားခံကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးဘဲ စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
2018-10-01
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကတဆင့် ရခိုင်ပြည်နယ် အစိုးရကို ဒီနေ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2018-10-01
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိ လိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေး အရေးယူခွင့်မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2018-10-01
ဒုတိယကမ္ဘာစစ်ရံှူးခဲ့တဲ့ ဂျပန်နိုင်ငံဟာ အလုပ်ကြိုးစားတဲ့အတွက် ကမ္ဘာ့ထိပ်တန်းတနိုင်ငံဖြစ်လာတဲ့အပြင် ဂျပန်လူမျိုးတွေဟာ ကမ္ဘာမှာ ဉာဏ်ရည်အထက်မြက်ဆုံးသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။