ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ တစ်သိန်းလှူဒါန်း
2018.10.01
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကတဆင့် ရခိုင်ပြည်နယ် အစိုးရကို ဒီနေ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းမေတ္တာ ဖောင်ဒေရှင်းကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။