မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆို


2018.10.01
myitsone-622 ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့ ကျင်းပတဲ့ မြစ်ဆုံစီမံကိန်း ရပ်နားထားတဲ့ ၇ နှစ်မြောက်အခမ်းအနားမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမထားဘဲ အပြီးတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုကြစဉ်
Photo: Maran Gam

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမထားဘဲ အပြီးတိုင် ဖျက်သိမ်းပေးဖို့ ပညာရှင်တွေ၊ ဒေသခံတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။

ဒီကနေ့ မြစ်ဆုံစီမံကိန်း ရပ်နားထားတဲ့ ၇ နှစ်မြောက်အခမ်းအနားမှာ အခုလို တောင်းဆိုကြတာလို့ ဒီနေ့ အခမ်းအနားမှာပါဝင်ခဲ့တဲ့ ကိုဆိုင်းနော်က ပြောပါတယ်။

"သူတို့ရပ်နားတယ်လို့သာ ပြောလိုက်တယ်၊ အဲဒီနေရာကို ကန့်သတ်နယ်မြေအဖြစ်နဲ့ တစ်ယောက်မှ လည်း ဝင်လို့မရဘူး၊ တောင်ယာဆို့ဆိုရင် အနားတောင်သီလို့မရတော့ဘူး၊ ကိုယ့်နေရာလည်း ကိုယ် ပြန်သွားလို့မရတော့ဘူး၊ ကျနော်က ဧရာဝတီကိုချစ်တယ် မြစ်ဆုံကို တန်ဖိုးထားတယ်ဆိုတော့ လုံးဝကို မဆောက်ခိုင်း စေချင်ပါဘူးဗျ"

ဒီနေ့အခမ်းအနားကို မေခနဲ့ မေလိခ ပေါင်းဆုံတဲ့ တန်ဖရဲရွာအနီး သောင်ပြင်မှာ ကျင်းပခဲ့တာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေနဲ့ အဲ့ဒီအဖွဲ့အစည်းတွေက ပညာရှင်တွေ၊ ဒေသခံတွေ စုစုပေါင်း တစ်ထောင်နီးပါးလောက် တက်ရောက်ကြပါတယ်။

အဲဒီစီမံကိန်းကို ရပ်နားထားတယ်ဆိုပေမယ့်လည်း စီမံကိန်းဧရိယာဝန်း အနီးပတ်ဝန်းကျင်ကို သွားလာ ခွင့်မရသလို စီမံကိန်းပြန်လည်စတင်ဖို့အတွက် တရုတ်ကုမ္ပဏီဖက်က ဒေသခံတွေကို စည်းရုံးတာမျိုး တွေလည်း ရှိနေတာကြောင့် ပြန်လည် စတင်မှာကို အများက စိုးရိမ်နေကြရတာလို့ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က ပြည်သူတွေရဲ့ဆန္ဒအရ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။