အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် တွေ့ဆုံမေးမြန်းချက်
2018.10.01
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့်မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးဌာနတွေက ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ အတွင်းဝန်ရာထူးအဆင့်တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြိုးပမ်းနေမှု၊ တင်ဒါစနစ်မှာ အဂတိလိုက်စားမှု ကင်းစင်ရေး ဆောင်ရွက်နေမှုနဲ့ ကော်မရှင်အပေါ် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေက သြဇာသက်ရောက်မှု ရှိ၊ မရှိစတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကို RFA အဖွဲ့သား ကိုကျော်မင်းထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။