သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-28
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း" နဲ့ပတ်သက်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဒီကနေ့ အပြီးသတ်ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
2019-08-28
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တစ်ဘက်နဲ့တစ်ဘက်ကြား ယုံကြည်မှု အားနည်းလာသလို နိုင်ငံရေးနဲ့ဆွေးနွေးဖို့ အခင်းအကျင်းတွေလည်း ဖြစ်မလာတဲ့အတွက် ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေက သုံးသပ်ကြပါတယ်။
2019-08-28
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ "၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း" နဲ့ပတ်သက်ပြီး၊ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဒီကနေ့ အပြီးသတ်ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် သုံးဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
2019-08-28
ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ကိုဆွေဝင်းကို မဟာအောင်မြေမြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ အမှုပိတ်သိမ်းပေးတဲ့အပေါ် မကျေနပ်တဲ့အတွက် မန္တလေးခရိုင်တရားရုံးထံ ရာဇဝတ်ပြင်ဆင်ချက်အယူခံတင်လိုက်တာကို ခရိုင်တရားရုံးက လက်ခံလိုက်ပါတယ်။
2019-08-28
Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ကျူးလွန်သူ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်လို့ မိသားစုက Victoria ကို ဖုန်းကင်မရာနဲ့ မေးမြန်း ရိုက်ကူးထားတဲ့ တယ်လီဖုန်းကို သက်သေအဖြစ် လက်မခံဖို့ အစိုးရဘက်က ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချလိုက်ပါတယ်။
2019-08-28
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာ အမိန့်ချဖို့ မရမ်းကုန်းမြို့နယ် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-08-28
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် အခြေစိုက် ခလရ ၂၉၁ တပ် ကို မြောက်ပိုင်း သုံးဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာသား ငါးရာကျော်ဟာ နမ့်ပေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့နီးစပ်တဲ့ ဆွေမျိုးတွေ နေအိမ်မှာ ထွက်ပြေးခိုလှုံနေကြပါတယ်။
2019-08-28
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောက်ပိုင်း တောင်ဦးကျေးရွာနဲ့ လင်းမြွေတောင်ကျေးရွာကြားမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့သလို ဒေသခံအရပ်သားတွေလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။
2019-08-28
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်က လျှောက်ထားတဲ့ ရုံးစာတစ်စောင် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။
2019-08-27
ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး ရှမ်းလူငယ်ပရဟိတကျောင်းက ကျောင်းဆရာ ညီအကိုနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။
2019-08-27
မကွေးတိုင်း မင်းလှမြို့နယ် ဆပ်ပြာကျေးရွာအနီးက အင်ကြင်းတောင်မှာ သြဂုတ်လ ၂၅ ရက်နေ့က ကျောက်မီးသွေးတွင်း ပြိုကျလို့ ပိတ်မိနေတဲ့ အလုပ်သမား လေးဦးကို ရှာဖွေကယ်ဆယ်နေရာမှာ ဒီမနက်အထိ နှစ်ဦးရဲ့ ရုပ်အလောင်းကိုသာ သယ်ထုတ်နိုင်ခဲ့ပါတယ်။
2019-08-27
ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုမှာ သတ္တုတူးဖော်မှာကို ဒေသခံတွေကန့်ကွက်တဲ့အတွက် သက်ဆိုင်ရာက ကွင်းဆင်းမစစ်ဆေးခင် ဆန္ဒပြရုံမက ကုမ္ပဏီပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ ဒေသခံသုံးဦးဖမ်းဆီး အရေးယူခံခဲ့ရပါတယ်။
2019-08-27
တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှမ်း က ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA၊ TNLA၊ MNDAA တိုင်းရင်းသား မဟာမိတ် သုံးဖွဲ့ကို တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ဖိအားပေးပြောဆိုခဲ့ကြောင်း မဟာမိတ်အဖွဲ့တွေက အတည်ပြု ပြောပါတယ်။
2019-08-27
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းတွေ ပြန်လည်မစတင်ခင်မှာ အချက် ခုနှစ်ချက်ကို ထိုင်းလူအခွင့်အရေးအဖွဲ့၊ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA)နဲ့ ထိုင်းတရားရေးအဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။
2019-08-27
ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီးနောက် ဆရာ-ဆရာမတွေ ဖမ်းဆီးခံလိုက်ရတဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းဟာ ယာယီပိတ်ခံ ထားရတဲ့အတွက် တစ်လအတွင်း ပြန်ဖွင့်ခွင့်ရအောင် ကြိုးစားနေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။