သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-28
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတို့ကို ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။
2016-08-28
၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ အဖွင့်အမှာစကားပြောကြားမယ်လို့ ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
2016-08-28
နေပြည်တော် ပျဉ်းမနားမြို့ က ပေါင်းလောင်းအားကစားကွင်းကို အများပြည်သူပိုင်ပြန်လည် သတ်မှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုလိုက်ပါတယ်။
2016-08-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့် ယားကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျရောက်ပြီး အလယ်တန်းကျောင်းဆရာမ တစ်ဦးအပါအဝင် ရွာသား တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံ ၈၀၀ ကျော်က မြစ် ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2016-08-28
မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေး၊ မကွေး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းဒေ သကြီးတွေမှာ နောက် ၃ ရက်လောက် အထိ မိုးများပြီး ရေကြီးရေလျှံ တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
2016-08-28
ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာထားရှိ ဖို့ ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ စာပေးပို့ထားပါတယ်။
2016-08-27
တပ်မတော်အပေါ်အသရေပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ ဆိုထားတဲ့ ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ စနေနေ့က ချမှတ်လိုက်ပါတယ်။
2016-08-27
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ရဲစခန်း အချုပ်ကနေ အချုပ်သား ၉ ယောက် မနေ့ညက ထွက်ပြေးခဲ့ပြီး ၈ ဦးကို ပြန် လည်ဖမ်းမိခဲ့ပေမယ့် တစ်ဦးလွတ်မြောက်နေပါတယ်။
2016-08-27
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ (မ.ထ.သ) လက်အောက်မှာရှိတဲ့ ယာဉ်ပိုင်ရှင်တွေဟာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။
2016-08-27
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ လူအင်အား တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-08-27
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ်တွေမှာ ကူးစက်ရော ဂါကြောင့် ဒေသခံ ၈၂ ဦးသေဆုံးပြီး ကျေးရွာ ၇ ရွာမှာ လည်း ရောဂါပိုးပျံ့နှံ့နေပါတယ်။
2016-08-27
လာမယ့်သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံကြောင်းနဲ့ ညီလာ ခံအောင်မြင်ဖို့ ဆုတောင်းပွဲတွေကို စစ်ကိုင်းတိုင်း မုံရွာမြို့၊ မွန်ပြည်နယ် ကျိုက်မရောမြို့နဲ့ ကချင်ပြည်နယ် မိုးညှင်း မြို့တွေမှာ ဒီနေ့ကျင်းပကြပါတယ်။
2016-08-27
ရခိုင်ပြည်နယ်အရေးကိစ္စကို တိုင်းရင်း သားတွေပဲ စုပေါင်းဖြေရှင်းသင့်တာကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် မှာ ပြည်ပနိုင်ငံသား ၃ ဦး ပါဝင်နေတာကို တိုင်းရင်းသား ပါတီ ၂ဝ ကျော်က ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF ကန့်ကွက်လိုက်ပါတယ်။
2016-08-27
ကိုးကန့်၊ ရခိုင်နဲ့ ပလောင် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ အနေနဲ့ လက်နက်ကိုင် နည်းလမ်းကို စွန့်လွှတ်မယ်ဆိုပြီး ထုတ်ပြန်ကြေညာရင် အစိုးရဘက်က ၂၁ ပင်လုံညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-08-27
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေ ကို ပြုပြင်မွမ်းမံဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကိုယ်စား ငွေကျပ်သိန်း တစ်ထောင် လှူဒါန်းပါတယ်။