ပုဂံရှေးဟောင်းနယ်မြေအတွက် တပ်မတော်က ကျပ်သိန်း တစ်ထောင်လှူဒါန်း
2016.08.27

Photo: Myo Zaw Ko/RFA
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေကို ပြုပြင်မွမ်းမံဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကိုယ်စား ငွေကျပ်သိန်းတစ်ထောင် လှူဒါန်းပါတယ်။
ဒီနေ့ မနက်က ပုဂံပြတိုက်မှာ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်တွေရဲ့ အလှူငွေ ပေးအပ်ပွဲကျင်းပခဲ့ တာဖြစ်ပါတယ်။
ပျက်စီးပြိုကျသွားတဲ့ ဘုရားတွေကို တပ်မတော်သားတွေ သန့်ရှင်းရေးလုပ်ကိုင်ပေးဖို့နဲ့ အဲဒီလို လုပ်ဆောင်ရာမှာ ရှေးဟောင်းပစ္စည်းတွေ မထိခိုက်အောင် သတိထားကြဖို့ကိုလည်း ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီတွေကိုလည်း လှည့်လည် ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ပုဂံဒေသ စိမ်းလန်းစိုပြေဖို့နဲ့ ရာသီဥတုဒဏ်ခံနိုင်အောင် သစ်ပင်စိုက်ကြဖို့အပြင် သန့်ရှင်းအောင် လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။