သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-08-21
စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ရွေးကောက်ပွဲ နီးလာလေ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုပါတယ်။
2010-08-21
၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ရဲ့ နာယက ရှမ်းအမျိုးသား ဦးရွှေအုန်း ဟာ သြဂုတ်လ ၂၀ ရက် ညနေ ၆ နာရီ ဝန်းကျင်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။
2010-08-21
စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ တြိဂံဒေသတိုင်း တိုင်းမှူးက သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-08-20
အရှေ့တီမောသမတ Jose Ramos-Horta ရဲ့ ဖိတ်ကြားချက်အရ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သြဂုတ်လ ၂၀ ရက် ဒီကနေ့ အရှေ့တီမောနိုင်ငံကို ရောက်အလာမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝိုင်းဝန်းဆန္ဒပြကြပါတယ်။
2010-08-20
မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့အပေါ် အင်ဒိုနီးရှားလွှတ်တော် အမတ်တွေက ထောက်ခံ ပြောဆိုလိုက်ပါတယ်။
2010-08-20
ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ ဌာနချုပ်ရုံးအပါအဝင် ပါတီရုံးခွဲ အတော်များများကို နိုင်ငံအနှံ့အပြားမှာ သြဂုတ်လ ၂၀ ရက် ဒီကနေ့ တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။ ရန်ကုန်မြို့က ဌာနချုပ်ရုံး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံခြား သတင်းထောက်တွေကို ဖိတ်ကြားခြင်း မရှိတဲ့အပြင် တက်ရောက်လာတဲ့ ပြည်တွင်း သတင်းထောက်တွေလည်း ကန့်သတ်ခံရတယ်လို့ ဆိုပါတယ်။
2010-08-19
မြန်မာနိုင်ငံကို ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ ၃ ရက်ကြာ လာရောက် လည်ပတ်ဖို့ ရှိတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ ရှင်ကက်ဆူးရဲ့ မြန်မာပြည် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
2010-08-19
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက မန္တ္တလေးမှာ ရုံးခန်းသစ်ဖွင့်ပွဲ သြဂုတ်လ ၁၉ ရက် ဒီကနေ့ ကျင်းပပါတယ်။ မိမိတို့အနေနဲ့ တရားမျှတမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရွေးကောက်ပွဲကို ရှောင်လွှဲလို့ မရနိုင်ကြောင်း ၊ ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ သန်းငြိမ်းက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။
2010-08-19
မြန်မာနိုင်ငံမှာ ဖြစ်ပွားကျူးလွန်နေတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေ ရာဇဝတ်မှုတွေအပေါ် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို အမေရိကန်ပြည်ထောင်စုက ပါဝင်ထောက်ခံလိုက်ခြင်းဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ရရှိရေးအတွက် အရေးပါတဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ပြောကြားလိုက်ပါတယ်။
2010-08-19
ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ကြေညာချက် တစောင် သြဂုတ်လ ၁၉ ရက် ဒီကနေ့ အစိုးရထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2010-08-19
လာမဲ့နိုဝင်ဘာ ၇ ရက်နေ့မှာ မြန်မာစစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ကြောင်း NLD ပါတီက ဩဂုတ်လ ၁၉ ရက် ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2010-08-19
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကြည့်ရင် War Crimes လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုနဲ့ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်တည်ခွင့်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု ချိုးဖောက်တဲ့အဆင့် ရောက်နေတာ တွေ့နေရပြီမို့ ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင်ဝင်ရောက် စစ်ဆေးသင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား အဆိုပြုထားတာကို အမေရိကန်အစိုးရက ထောက်ခံကြောင်း သြဂုတ်လ ၁၇ နေ့က ကြေညာလိုက်ပါတယ်။
2010-08-18
ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင် ဆရာတော် ဦးပညာစာရကို မနေ့က ရုံးထုတ်ပြီး အစိုးရ တရားလိုပြသက်သေ ၂ ဦးကို ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2010-08-18
ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီက ဩဂုတ်လ ၉ ရက်နေ့မှာ ပြည်သူလူထုကြား ဖြန့်ဝေခဲ့တဲ့ ကြေညာချက်ကို UDP ပါတီရဲ့ စာစောင်ဖြစ်တဲ့ The Union ဆိုတဲ့စာစောင်မှာ ထည့်သွင်း ဖော်ပြခြင်း မပြုဖို့ စာပေစိစစ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရပါတယ်။
2010-08-18
ကုလသမဂ္ဂ ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်အစိုးရက ထောက်ခံလိုက်တာကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က သြဂုတ်လ ၁၈ ရက် ဒီကနေ့ ကြိုဆိုလိုက်ပါတယ်။