လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် အမေရိကန်ထောက်ခံမှု ကုလ အထူးသံ ကြိုဆို

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကြည့်ရင် War Crimes လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုနဲ့ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်တည်ခွင့်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု ချိုးဖောက်တဲ့အဆင့် ရောက်နေတာ တွေ့နေရပြီမို့ ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင်ဝင်ရောက် စစ်ဆေးသင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား အဆိုပြုထားတာကို အမေရိကန်အစိုးရက ထောက်ခံကြောင်း သြဂုတ်လ ၁၇ နေ့က ကြေညာလိုက်ပါတယ်။

2010.08.19
quintana_ban_ki-moon_305_z ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe)
UN Photo/Eskinder Debebe

မစ္စတာ ကင်တားနားက အမေရိကန် အစိုးရအနေနဲ့ အဲဒီလို ထောက်ခံလိုက်တာကို  ကြိုဆိုလိုက်ပါတယ်။ လာမဲ့ အောက်တိုဘာမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာတင်မယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သြယ်မေးူမန်းခဵက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။