0:00 / 0:00
မစ္စတာ ကင်တားနားက အမေရိကန် အစိုးရအနေနဲ့ အဲဒီလို ထောက်ခံလိုက်တာကို ကြိုဆိုလိုက်ပါတယ်။ လာမဲ့ အောက်တိုဘာမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာတင်မယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။