သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-26
နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်စာရင်းမှာ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ဟာ မနှစ်ကထက် ပိုပြီးကျဆင်းသွား ခဲ့တာ တွေ့ရပါတယ်။
2018-04-26
မြန်မာနိူင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ စိုးရိမ်စရာကောင်းတဲ့အထိ ကျဆင်းနေတယ်လို့ ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က အာရှနဲ့ ဖိစိဖိတ်ရေးရာ တာဝန်ခံ Deniel Bastard ( ဒန်နီရယ် ဘာစတာ) က သုံးသပ်လိုက်ပါတယ်။
2018-04-26
တပ်မတော်ရဲ့ထိုးစစ်ကြောင့် ဧရာဝတီမြစ်ဆုံ တန်ဖဲရွာနားကို စစ်ပြေးဒုက္ခသည်ရာချီရောက် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ထဲမှာ တပ်မတော်နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ရာနဲ့ချီထွက်ပြေးရပြီး ဧရာဝတီမြစ်ဆုံနားက တန်ဖဲရွာတဝိုက် ဘုရားကျောင်းတွေမှာ ခိုလှုံနေရ တယ်လို့ သိရပါတယ်။
2018-04-26
ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်နဲ့အတူ တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်တို့ကို စစ်ဆေးနေတဲ့အမှုကို အမှန်တရားအတိုင်း တရားမျှတမှုရှိစေဖို့ အရပ်ဘက်လူမှုအဖွဲ့တွေ စုပေါင်းပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို ဒီကနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
2018-04-26
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမှာ မီးသတ်နေရတဲ့ မီးသတ်ရဲဘော်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်သားတွေ မီးခိုးမွှန်ရင် ကုသပေးဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လူနာတင်ယာဉ်တွေနဲ့ ကူညီပေးနေသလို ပရဟိတအဖွဲ့တွေက ရွှေ့ပြောင်းဆေးကုသယာဉ်တွေနဲ့ ကူညီပေးနေတဲ့သူတွေလည်း ရှိပါတယ်။
2018-04-26
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ရဲ့ တရားဝင် ဆွေးနွေးပွဲ ဒီနေ့ ပထမနေ့မှာ အရင်က KNPP နဲ့ အစိုးရကြား သဘောတူထားတဲ့ ပြည်နယ်အဆင့်နဲ့ ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေခိုင်မာဖို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
2018-04-26
ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ပြဌာန်းချက်ကို ကြာသပတေးနေ့မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော် အရာရှိတွေနဲ့ နယ်ခြားစောင့်တပ် အရာရှိတွေကို တစ်ဦးချင်းပိတ်ဆို့တားမြစ်မှုတွေ ချမှတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
2018-04-26
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ ဆွစ်စလန်သံအမတ်ကြီး Christine Schraner Burgener ခရစ်တင်း ရှယားနား ဘာဂီးနာကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
2018-04-26
ဖေ့စ်ဘွတ် Facebook လူမှုကွန်ယက်အဖွဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံနိုင်ငံဆိုင်ရာလုပ်ငန်းတွေ ကို သူတို့ ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ ဗြိတိန် လွှတ်တော်မှာ မနေ့က ပြောကြားလိုက်ပါတယ်။
2018-04-26
မြန်မာနိုင်ငံကို သွားရောက်ပြီး ကစားမယ့် ဗြိတိသျှ ကလပ်အသင်း Leeds United ဘောလုံး အသင်းကို Bradford က ရိုဟင်ဂျာအဖွဲ့များက မြန်မာနိုင်ငံကို မသွားဖို့ တောင်းဆိုလိုက်ပါတယ်။
2018-04-26
အီးယူ ဥရောပသမဂ္ဂက မြန်မာအပေါ် ချမှတ်ထားတဲ့ လက်နက်အရောင်းအဝယ် ကန့်သတ်ပိတ်ဆို့ အရေးယူထားတာကို ဆက်လက်ထားရှိတဲ့အပြင်၊ စစ်တပ်အရာရှိတချို့ကိုပါ ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေပါတယ်။
2018-04-26
မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အခုထက်ပိုမြှင့်တင်ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကြားမှာ ပါတီချင်းဆက်ဆံရေး အပြန်အလှန် ဖလှယ်ကြဖို့ ကတိပြုကြတယ်လို့ သိရပါတယ်။
2018-04-26
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးရေး ကော်မတီတို့ရဲ့ တရားဝင် ဆွေးနွေးပွဲ ဒီနေ့ ပထမနေ့ အရင်က သဘောတူထား တဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေ ခိုင်မာဖို့ ဆွေးနွေး ခဲ့ပါတယ်။
2018-04-26
ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်နဲ့ အဲဒီအမှုအတွက် တရားရုံးမှာ သက်သေထွက်ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်တို့နဲ့ ပတ်သက်ပြီး တရားမျှတမူရှိအောင် ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၆၃ ဖွဲ့က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာတစောင်ကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။
2018-04-26
တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းအစိုးရကချပေးထားတဲ့ မြေတွေထဲက မစိုက်ပျိုးနိုင်တော့တဲ့ အတွက် ပြန်သိမ်းဆည်းထားတဲ့ မြေဧက တစ်သိန်းခွဲကို စိုက်ပျိုးလုပ်ကိုင်သူတွေအနေနဲ့ မြေလွတ်မြေရိုင်းဥပဒေနဲ့အညီ လာရောက်လျှောက်ထားနိုင်တယ်လို့ တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက ပြောပါတယ်။