မီးငြှိမ်းသတ်နေသူတွေကို ကူညီပေးနေတဲ့ ကိုထိန်ဝင်းနောင်နဲ့ မေးမြန်းချက်
2018.04.26
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမှာ မီးသတ်နေရတဲ့ မီးသတ်ရဲဘော်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်သားတွေ မီးခိုးမွှန်ရင် ကုသပေးဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လူနာတင်ယာဉ်တွေနဲ့ ကူညီပေးနေသလို ပရဟိတအဖွဲ့တွေက ရွှေ့ပြောင်းဆေးကုသယာဉ်တွေနဲ့ ကူညီပေးနေတဲ့သူတွေလည်း ရှိပါတယ်။
မီးငြှိမ်းသတ်နေရတဲ့သူတွေကို ပရဟိတအနေနဲ့ကူညီပေးနေတဲ့ ကိုထိန်ဝင်းနောင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။