တပ်မတော်နဲ့ KIA တို့ တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း မေးမြန်းချက်


2018.04.26

တပ်မတော်ရဲ့ထိုးစစ်ကြောင့် ဧရာဝတီမြစ်ဆုံ တန်ဖဲရွာနားကို စစ်ပြေးဒုက္ခသည်ရာချီရောက် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ထဲမှာ တပ်မတော်နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ရာနဲ့ချီထွက်ပြေးရပြီး ဧရာဝတီမြစ်ဆုံနားက တန်ဖဲရွာတဝိုက် ဘုရားကျောင်းတွေမှာ ခိုလှုံနေရ တယ်လို့ သိရပါတယ်။

ဇွပ်မိုင်ယန်ရွာမှာ တိုက်ပွဲဖြစ်ပြီး မြန်မာ့တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် ဒေသခံပြည်သူတွေက ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဦးတူးရော်က RFA ကိုပြောပါတယ်။

မနေ့ညနဲ့ဒီနေ့မနက်မှာ ဧရာဝတီမြစ်ကို ဖေါင်တွေနဲ့ကူးပြီး ထွက်ပြေးလာတဲ့သူ ၈၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ သူတို့စားသောက်နေထိုင်ရေးကို ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံနဲ့ လူမှုရေး၊ နိုင်ငံရေးအဖွဲ့တချို့ ကူညီနေတယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီရဲ့ အတွင်းရေးမှူး ဦးတူးရော် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။