အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP တို့ တွေဆုံတဲ့အကြောင်း မေးမြန်းချက်
2018.04.26
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ရဲ့ တရားဝင် ဆွေးနွေးပွဲ ဒီနေ့ ပထမနေ့မှာ အရင်က KNPP နဲ့ အစိုးရကြား သဘောတူထားတဲ့ ပြည်နယ်အဆင့်နဲ့ ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေခိုင်မာဖို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
KNPP အဖွဲ့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။