အီးယူ ဥရောပသမဂ္ဂက မြန်မာကို လက်နက်ရောင်းချမှု ဆက်လက်ပိတ်ပင်
2018.04.26
အီးယူ ဥရောပသမဂ္ဂက မြန်မာအပေါ် ချမှတ်ထားတဲ့ လက်နက်အရောင်းအဝယ် ကန့်သတ်ပိတ်ဆို့ အရေးယူ ထားတာကို ဆက်လက်ထားရှိတဲ့အပြင်၊ စစ်တပ်အရာရှိတချို့ကိုပါ ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေပါတယ်။
ပိတ်ဆို့အရေးယူရာမှာ လက်နက်တွေအပြင် ဖိနှိပ်ရေးအတွက် သုံးစွဲတဲ့ပစ္စည်းတွေ၊ စစ်ရေးသင်တန်း လေ့ကျင့် ပို့ချမှုတွေ၊ ဆက်သွယ်ရေးတွေအပေါ် စောင့်ကြည့်ရာမှာ သုံးစွဲတဲ့ပစ္စည်းတွေ ပါဝင်တယ်လို့ အီးယူက ပြောပါတယ်။
အခုလို ပုဂ္ဂိုလ်တဦးချင်း ပစ်မှတ်ထား အရေးယူရာမှာ ခရီးသွားလာခွင့်နဲ့ ပိုင်ဆိုင်မှု တားမြစ်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က မြန်မာစစ်တပ်နဲ့ အရာရှိတချို့အပေါ် ပိတ်ဆို့ အရေးယူခဲ့ပြီးတဲ့နောက်၊ အီးယူ ဥရောပသမဂ္ဂကပါ အရေးယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။