သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တစ်ပတ်အတွင်း တိုက်ပွဲတွေကြောင့် ရွာ ၃ ရွာက ရွာလုံးကျွတ်နီးပါး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပါတယ်။
2019-02-25
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို စစ်ကိုင်းမြို့မှာ ဒီနေ့မနက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
2019-02-25
ရန်ကုန်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းမှုတွေအပေါ် ပါတီထိပ်ပိုင်းခေါင်းဆောင် ၃ ဦးက ဒီနေ့ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-02-24
ပြီးခဲ့တဲ့သောကြာနေ့က ကူမင်းမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲ မှာ ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်နဲ့ တရုတ်မြန်မာ ရထားလမ်း စီမံကိန်းတွေ အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2019-02-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား ပြီးခဲ့တဲ့တစ်ပတ်အတွင်း တိုက်ပွဲတွေကြောင့် ရွာ ၃ ရွာလောက်က ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေကြတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2019-02-24
ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းကို တာဝန်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုက သတိပေးအကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။
2019-02-24
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို စစ်ကိုင်းမြို့မှာ ဒေသခံ ၅၀၀ လောက်က ဒီနေ့ ထောက်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2019-02-24
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်စဉ်မှာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးဆိုပြီး ဘာကြောင့်မကန့် ကွက်တာလဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် က တပ်မတော်ကို ဒီနေ့ မေးခွန်းထုတ်လိုက်ပါတယ်။
2019-02-24
တပ်မတော်က အပစ်အခတ် ရပ်စဲရေး ၂ လတာ ဆောင်ရွက်ခဲ့တဲ့ အခြေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2019-02-23
မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို မကွေးမြို့မှာ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-02-23
လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတဲ့ အချိန်မှသာ တပ်မတော်ဟာ နိုင်ငံရေးကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြောလိုက်ပါတယ်။
2019-02-23
ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒေသခံ ၁၀၀၀ ကျော်က ဒီကနေ့ ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
2019-02-23
NLD ပါတီ ကိုယ်စားပြုသူတွေအနေနဲ့ ပြည်သူလူထုတွေ၊ ပါတီဝင်တွေက ထောက်ခံမှု၊ ယုံကြည်မှု၊ လေးစားမှု၊ သဘောကျမှုမရှိတော့ရင် သတ္တိရှိရှိ နုတ်ထွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သဘာပတိ နိုင်သောင်းညွှန့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2019-02-23
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ အကြိမ် ၄၀ မြောက် အစည်းအဝေးမှာ ဥရောပသမဂ္ဂ EU ကနေ ဦးဆောင်တင်သွင်းသွားမယ်လို့ သိရပါတယ်။
2019-02-23
ရက္ခိုင့်တပ်မတော် AA က အခုလ ၂၂ ရက်နေ့ မနက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပလက်ဝမြို့နယ် သံ တောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို မိသားစုဝင်တွေနဲ့ ရပ်မိ ရပ်ဖတွေက ဒီနေ့နီးစပ်ရာ ရွာတွေနဲ့ တောတွေထဲမှာ သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ရဘူးလို့ ပြောပါတယ်။