မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ လေ့လာချက်မူကြမ်း EU က တင်သွင်းဖို့စီစဉ်ထား
2019.02.23
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ အကြိမ် ၄၀ မြောက် အစည်းအဝေးမှာ ဥရောပသမဂ္ဂ EU ကနေ ဦးဆောင်တင်သွင်းသွားမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် UNHRC အစည်းအဝေးမှာတင်သွင်းမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ EU အဖွဲ့က လေ့လာအကဲဖြတ်သူတွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့ကြပြီး အစီရင်ခံစာ ပြုစုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ စောင့်ကြည့်လေ့လာဖို့ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး ခန့်ထားတာကို သက်တမ်းတိုးဖို့နဲ့ ရခိုင်ပြည်ဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတွေ အမြန်ဆုံး စတင် နိုင်ရေးဆိုတဲ့အချက်တွေ တောင်းဆိုထားတာတွေ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ ပါဝင်တယ်လို့ သိရပါ တယ်။
အဲဒီအစည်းအဝေးကို နိုင်ငံတကာ ပူူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်းပြောကြားဖို့လည်း ရှိပါတယ်။