တရုတ်မြန်မာ ရထားလမ်း စီမံကိန်း ဆွေးနွေး


2019.02.24
myanmar-china-railway-622.jpg တရုတ်မြန်မာ ရထားလမ်း စီမံကိန်းမြေပုံ
Photo: www.travelchinaguide.com

ပြီးခဲ့တဲ့သောကြာနေ့က ကူမင်းမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲမှာ ရန်ကုန်မြို့ သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်နဲ့ တရုတ်မြန်မာ ရထားလမ်း စီမံကိန်းတွေ အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးကနေ ရွှေလီကို ကားလမ်းကနေ သစ်သီးတွေပို့ရတာ လမ်းခရီးမှာ နှစ်ရက်လောက်ကြာပြီး၊ တခါတရံ လမ်းပိတ်ဆို့တာနဲ့ကြုံရင် သစ်သီးတွေ ပျက်စီးသွားတတ်တဲ့အတွက်၊ မြန်မာနဲ့ တရုတ် စီးပွားရေး စြင်္ကန်လမ်း စီမံကိန်းမှာ မန္တလေး ယူနန် ရထားလမ်းဖောက်လုပ်ရေး ထည့်သွင်းဖို့ တရုတ်က အဆိုပြုခဲ့တာပါ။

သစ်သီးဈေးကွက်ကိုကြည့်ရင် မန္တလေးကနေ ဖရဲသီးနဲ့ သခွားမွှေးတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေ အစီးရေ ၄၀၀ လောက် ဝမ်တိန်ဈေးကို နေ့စဉ်ဝင်ရောက်နေတာဖြစ်ပါတယ်။ တန်ချိန် သုံးထောင်လောက် နေ့စဉ်ဝင်နေတဲ့ အဲဒီသစ်သီးတွေဟာ ဝမ်တိန်ဈေးကို ရောက်ပြီး ချက်ချင်းပဲ ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြား မြို့ကြီးတွေဆီကို ဆက်လက်ပို့ဆောင်နေတာပါ။

အခုအခါ တရုတ်သစ်သီး ကုမ္ပဏီတွေဟာ လုပ်ငန်းတွေတိုးချဲ့ကြီးထွားလာနေပြီး၊ ဝမ်တိန်ဈေးမှာပဲ အအေးခန်းတွေ တည်ဆောက်ထားတဲ့အပြင်၊ မန္တလေးတိုင်းအတွင်းမှာလည်း ဒေသခံ အလုပ်သမားတွေနဲ့ ဖရဲခင်းတွေ စိုက်ပျိုးနေ ကြပါတယ်။

တရုတ်ပြည်ရဲ့ BRI ခေါ် စြင်္ကၤန်နဲ့ ပတ်လမ်းစီမံကိန်းမှာ အစိတ်အပိုင်းတရပ်အဖြစ်ပါဝင်တဲ့ မြန်မာနဲ့ တရုတ် စီးပွားရေးးစြင်္ကန်လမ်း စီမံကိန်းဟာ နှစ်နိုင်ငံကုန်သွယ်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမယ်လို့ တရုတ်အစိုးရ ဆင်ဝှာ သတင်းက ဖေါ်ပြပေမဲ့၊ ဖေါ်ပြတဲ့အချက်အလက်တွေအရ နှစ်နိုင်ငံ နယ်စပ်ဒေသ အရောင်းအဝယ်မှာ တရုတ်ဘက် က ပိုပြီး အကျိုးဖြစ်ထွန်းနေတယ်ဆိုတာ ပြသနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။