သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-25
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့က ရန်ကုန် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ လူထုဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-02-25
သမ္မတ ဦးသိန်းစိန်ဟာ စီးပွားရေးအသင်းအဖွဲ့တွေ အပါအဝင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-02-24
၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ဒုတိယ စစ်ဦးစီးချူပ် ဦးကျောက်ကျုံးတန် ဦးဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁ ရက်နေ့မှာ နေပြည်တော်ကို ပထမဦးဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားပြီး၊ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဖွယ်ရှိတယ်လို့ သိရပါတယ်။
2014-02-24
အာရှ ပစိဖိတ်ဒေသတခွင် လုံခြုံရေး တိုးမြှင့်ချဲ့ထွင်ဖို့ အမေရိကန် ပြည်ထောင်စု ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေအပေါ် စစ်လက်နက်ပစ္စည်း အရောင်း အဝယ် ပိတ်ဆို့တားဆီးထားတာတွေကို လျှော့ပေါ့လွတ်ငြိမ်း ခွင့်ပြုရေးဆီကို ဦးတည်သွားနိုင်တယ်လို့ ဗြိတိန်အခြေစိုက် IHS Jane’s ခေါ် စစ်တပ်နဲ့ ကာကွယ်ရေးလုပ်ငန်းများ ဆိုင်ရာ အထူးပြုလေ့လာရေးသားနေတဲ့ စာစောင်က ပြော ပါတယ်။
2014-02-24
နိုင်ငံရပ်ခြားမှာ အိမ်ဖေါ်အလုပ် တရားဝင် လုပ်ကိုင်ဖို့အတွက် မြန်မာအမျိုးသမီး အိမ်ဖေါ် ၁၉ ဦး၊ ပထမအသုတ်အဖြစ် တနင်္လာနေ့က ဟောင်ကောင်ကို ရောက်ရှိလာခဲ့ကြပါတယ်။
2014-02-24
ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ထွက်ပြေး ခဲ့ကြရပြီး နေရပ်ကိုပြန်လို့မရ ဖြစ်နေ သူတွေနဲ့ ပတ်သက်လို့ "လျစ်လျူရှုခံ အကြပ်အတည်းများ" ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာ တစ်စောင်ကို တအာင်းအမျိုးသမီးများအဖွဲ့က ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2014-02-24
ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်တွေ အကောင်အထည်ဖေါ်ရာမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြား နှစ်ဘက်သဘောတူညီချက်တွေကို လိုက်နာမှု ရှိ မရှိ ဆိုတာအတွက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ထားရှိဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြပါတယ်။
2014-02-24
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ ပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
2014-02-24
အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက် ဂျာက သူ့ကို ဖားကန့်မြို့နယ် တရားရုံးက ယစ်မျိုးဥပဒေပုဒ်မ ၃၃ နဲ့ တရားစွဲဆိုပြီး ၆ လကျော် ကြာအောင် ဖမ်းဆီးချုပ်နှောင်ထားခဲ့တာဟာ တရားမျှတ မှုမရှိဘူးဆိုပြီး မိုးညှင်းခရိုင်တရားရုံးမှာ ဒီနေ့ အယူခံဝင်ခဲ့ ပါတယ်။
2014-02-24
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျော တာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေ ကြပါတယ်။
2014-02-24
အမျိုးသမီးတွေကို အထူးအခွင့်အရေးပေး ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီး ဝန်ကြီးဌာန သီးခြားထားပေးဖို့ အစီအစဉ် ရှိ မရှိ ထန်တလန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဇာတလဲမ်းက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ မေးမြန်းရာမှာ အဲဒီလိုအစီအစဉ် မရှိသေးကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
2014-02-24
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ဆုံးအခြေအနေတွေ အပေါ် ဆွေးနွေးသုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများ အဖွဲ့ချူပ်(မြန်မာနိုင်ငံ) WLB က ဦးဆောင်ပြီး ချင်းမိုင်မြို့ Holiday Garden Hotel မှာ ဒီကနေ့ ကျင်းပနေတယ်လို့ သိရပါတယ်။
2014-02-23
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ် ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။
2014-02-23
အမျိုးသားဒီမိုကရေစီ ကျန်းမာရေးအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က ဒီနေ့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကုသပေးရာမှာ ဒေသ ခံ ခြောက်ရာကျော်လောက် လာရောက်ကုသမှု ခံယူခဲ့ပါတယ်။
2014-02-23
စစ်တပ်ပိုင်မြေဆိုပြီး အင်အားသုံး ဖယ်ရှားခံခဲ့ရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာက ရွာသူရွာသားတွေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ဒီနေ့ ထပ်မံလာရောက်တွေ့ဆုံပြီး နေရာ ချထားရေးကိစ္စတွေ ဆွေးနွေးသွားပါတယ်။