ယစ်မျိုးမှုနဲ့ ၆ လ ဖမ်းထားတာ တရားမျှတမှုမရှိလို့ အယူခံဝင်


2014.02.24

အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက သူ့ကို ဖားကန့်မြို့နယ် တရားရုံးက ယစ်မျိုးဥပဒေပုဒ်မ ၃၃ နဲ့ တရားစွဲဆိုပြီး  ၆ လကျော်ကြာအောင် ဖမ်းဆီး ချုပ်နှောင်ထားခဲ့တာဟာ တရားမျှတမှုမရှိဘူးဆိုပြီး  မိုးညှင်းခရိုင်တရားရုံးမှာ  ဒီနေ့ အယူခံဝင်ခဲ့ပါတယ်။

ဒေါ်ဘောက်ဂျာရဲ့ အယူခံခွင့်ကို မိုးညှင်းခရိုင်တရားရုံး က လက်ခံခဲ့ပြီး လာမယ့် မတ်လ ၁၁ ရက်နေ့ကို ရုံးချိန်းသတ်မှတ်လိုက်ပါတယ်။

ဒေါ်ဘောက်ဂျာဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက  ပုဒ်မ ၃၀၄(က) လူသေမှု၊ ပုဒ်မ ၄၁ ဆေးကောင်စီ အက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုးဥပဒေ စတဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဖါးကန့်မြို့နယ် အချုပ်ထဲမှာ ၆ လကျော် နေခဲ့ရပါတယ်။

မူလက ချမှတ်ခဲ့တဲ့ ပုဒ်မ ၃၀၄ (က) နဲ့ ပုဒ်မ ၄၁ အမှု နှစ်ခုကို ဖားကန့်တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချခဲ့ပေမဲ့ ယစ်မျိုးဥပဒေ ပုဒ်မ ၃၃ နဲ့ စွဲဆိုခဲ့ပြီး ပစ္စည်းလက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒါဏ် ၆လ ချမှတ်ခဲ့ရာမှာ အချုပ်ခန်းထဲ ၆ လကျော် နေထိုင်ခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ပြန်လွတ်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။