NLD ကျန်းမာရေးအဖွဲ့ လပွတ္တာမြို့မှာ ဆေးကုသပေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကို့ တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကို့ တွေ့ရစဉ် (Photo: pbase.com)

0:00 / 0:00

အမျိုးသားဒီမိုကရေစီ ကျန်းမာရေးအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က ဒီနေ့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကုသပေးရာမှာ ဒေသခံ ခြောက်ရာကျော်လောက် လာရောက်ကုသမှု ခံယူခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ခွဲစိတ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တွေပါရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

အဲဒီ ကျန်းမာရေးကွန်ရက်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကစတင်ပြီး နယ်လှည့်အခမဲ့ ဆေးကုသပေးနေ တာဖြစ်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ဒေသခံတွေကို လစဉ်လိုက်လံကုသပေးနေတာပါ။ နယ်လှည့်ဆေး ကုသပေးမှု အစီအစဉ်နဲ့ လူနာပေါင်း သုံးသောင်းကျော် ကို ကုသပေးပြီးဖြစ်သလို ဒီနှစ်ထဲမှာပဲ နောက်ထပ် တိုင်းနဲ့ ပြည်နယ် နှစ်ခုအထိ တိုးချဲ့ကုသပေးသွားမယ်လို့ သိရပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်းကို သတင်းထောက် မရတနာဦးက မေးမြန်းထားပါတယ်။