သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-20
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့မှာ မွန်ယဉ်ကျေးမှု ကပွဲ၊ ဟောပြောပွဲတွေနဲ့ မနေ့က စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
2011-02-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးချင်းအလိုက် မဲနှိုက်ပြီး ကူညီနေတဲ့ အစီအစဉ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီ ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင် ဦးဝင်းတင်က ပန်ကြားလိုက်ပါတယ်။
2011-02-19
စစ်အစိုးရ သတင်းစာတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ခြိမ်းခြောက် ရေးသားနေတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်လို့ တုန့်ပြန်မှာ မဟုတ်ဘူးဆိုတဲ့ သဘောထားကို NLD က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2011-02-19
ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Al Waleed Bin Talal က အမေရိကန် ဒေါ်လာ ငါးသောင်း လှူဒါန်းလိုက်တယ်လို့ ရန်ကုန်မြို့ ဆော်ဒီအာရေဗျ သံရုံးက ကြေညာလိုက်ပါတယ်။
2011-02-19
ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ဖုတ်ဖရမြို့နယ် အတွင်းကနေ ဖယ်ရှားဖို့ ဖိအားပေး ခံနေရတဲ့ မြန်မာဘုန်းတော်ကြီး ကျောင်း ၉ ကျောင်းထဲက ၂ ကျောင်းမှာရှိတဲ့ သံဃာတော်တွေမှာ တရားဝင် နိုင်ငံကူးလက်မှတ် လက်ဝယ် ရှိမရှိ ထိုင်းအရာရှိတွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်ရောက် စစ်ဆေးခဲ့ကြပါတယ်။
2011-02-18
အခုတပတ် လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာတော့ `၈-၈-၈၈မှ ၁၈-၉-၈၈ အကြား ဖြစ်ပျက်မှုများကြောင့် ဒီမိုကရေစီ မဖြစ်ပေါ်လာဘူး ဆိုပေမဲ့လည်း အပြောင်းအလဲ မဖြစ်ဘူးလို့တော့ ပြောလို့ရမှာ မဟုတ်ပါဘူး၊ ၈၈ မတိုင်မီက မြန်မာနိုင်ငံနဲ့ ၈၈ နောက်ပိုင်း မြန်မာနိုင်ငံဟာ အတော် ကွာခြားတယ်လို့ ပြောနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်လိုချင်တဲ့ အပြောင်းအလဲမျိုး ဖြစ်ဖို့ ဆိုတာက စနစ်တကျ ဝီရိယအပြည့်နဲ့ လုပ်ရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သောတရှင်တဦးကို ဖြေကြားထားပါတယ်။
2011-02-18
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု နဲ့ ဇနီးဖြစ်သူ ဒေါ်မြရီ တို့ရဲ့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ရှိတဲ့ အုတ်ဂူ နှစ်လုံးကို ကာရံထားတဲ့ သံတိုင်တွေ ခိုးယူခံခဲ့ရကြောင်း သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောပါတယ် ။
2011-02-18
အစိုးရသစ် ဝန်ကြီးနေရာတွေ ခန့်အပ်လိုက်ပြီးနောက်ပိုင်း လစ်လပ်သွားတဲ့ လွှတ်တော် ၃ ရပ်က အမတ်နေရာတွေအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ သိရပါတယ်။
2011-02-18
နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ အတည်ပြု လိုက်ပါတယ်။
2011-02-18
ထိုင်း-မြန်မာ ၂ နိုင်ငံ စီးပွားရေး အချက်အချာ မြဝတီလမ်းကို တိုက်ခိုက်မယ့် အကြောင်း DKBA ကြေငြာ
2011-02-18
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို စာရေးဆရာ ကိုအောင်ဆန်း ဆိုတဲ့ အမည်နဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ ဝိုင်းဝန်း ရေးသားပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ထုတ်ဝေ ဖြန့်ချိလိုက်တဲ့အတွက် ထုတ်ဝေသူနဲ့ စာရေးဆရာတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောဆိုလိုက်ပါတယ်။
2011-02-18
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Amnesty International လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ ကမ္ဘာတဝန်း လူ့အခွင့်အရေး ဆောင်ရွက်မှုတွေကို ချီးကျူး ပြောဆိုလိုက်တဲ့အပြင် ဆက်ပြီးတော့လည်း ကြိုးစား လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2011-02-18
အမေရိကန်နိုင်ငံခြားရေဝန်ကြီး ဟီလာရီ ကလင်တန် ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-02-17
နေပြည်တော်နေရာချဲ့ထွင်ရာမှာ အနီးတဝိုက်က ဒေသခံတွေရဲ့ အိမ်တွေ၊ လယ်ယာမြေတွေကို သိမ်းယူနေ
2011-02-17
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ကြောင်း အမေရိကန် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။