AI အဖွဲ့၏လှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံချီးကျူး
2011.02.18

Photo: AFP
AI
အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Mr. Salil Shetty က ဒေါ်အောင်ဆန်းစုကြည်ဆီ ဖေဖော်ဝါရီ
၁၈ ရက် ဒီကနေ့ တယ်လီဖုန်းဆက်ပြီး စကားပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုလိုက်တာပါ။
ဒါနဲ့ ပတ်သက်လို့ NLD အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှ ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
“Amnesty International ရဲ့ မူအရ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ သူတို့ လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒေါ်စုက ချီးကျူးတာ၊ ကျေးဇူးတင်တဲ့အကြောင်း ပြောတာ၊ နောက်ကိုလည်း ဒီလိုပဲ လုပ်နေတဲ့ အလုပ်တွေကို ဆက်ပြီးတော့ ကြိုးစားလုပ်ဖို့ တိုက်တွန်းတာပေါ့။”
Mr. Salil Shetty ဟာ ၂၀၀၉ ခုနှစ်က AI အဖွဲ့ အထွေထွေ အတွင်းရေးမှူး တာဝန် စတင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ AI အဖွဲ့ရဲ့ ရုံးချုပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ထားရှိပြီး၊ နိုင်ငံပေါင်း ၈၀ ကျော်မှာ အဖွဲ့ရဲ့ ရုံးခွဲတွေကို ဖွင့်ထားနိုင်ပါတယ်။ အဖွဲ့ကို ထောက်ခံသူပေါင်း ၃ သန်းကျော် ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ မြန်မာနိုင်ငံအတွက်လည်း လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို အဆက်မပြတ် စောင့်ကြည့်လေ့လာနေပြီး ဒီဖြစ်ရပ်တွေ အမြန်ဆုံး ရပ်အောင် စစ်အစိုးရကို အဆက်မပြတ် ဝေဖန် တိုက်တွန်းနေတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။