ဂီရိ ဒုက္ခသည်တွေအတွက် ဆော်ဒီမင်းသား ဒေါ်လာ ၅ သောင်း လှူဒါန်း
2011.02.19

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းသင့် ဒေသတွေဟာ အကူအညီငွေ ရရှိမှု နည်းပါးပြီး ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ များစွာရှိနေတယ်လို့ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးက မကြာသေးခင်က ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစစ်တမ်းတွေအရ အဲဒီ ရခိုင်ဒေသတွေရဲ့ အိမ်ခြေ ခြောက်ဆယ် ရာခိုင်နှုန်းလောက်ကို ခုချိန်အထိ ပြန်လည် မတည်ဆောက် နိုင်သေးသလို လူဦးရေ ၂ဝ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသားက အခုလို ဂီရိဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသလို မင်းသားရဲ့ ကြင်ယာတော် မင်းသမီး Ameerah Al Taweel ကလည်း မြန်မာ မိခင်နဲ့ကလေးတွေအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းကို သီးခြား လှူဒါန်းခဲ့တယ်လို့ ဆော်ဒီအာရေဗျ သံရုံးက ဖော်ပြခဲ့ပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံဟာ ၂ဝဝ၅ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။