ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အမေရိကန် စိုးရိမ်
2011.02.17

State Dept Image
မနေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Philip Crowley က အခုလို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား အားလုံး နည်းတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ် မရှိအောင် အကာအကွယ် ပေးရေးနဲ့ လုံခြုံရေး ဟာ မြန်မာ အာဏာပိုင်တွေ ဂရုစိုက်ရမယ့် အခြေခံ တာဝန် ဝတ္တရား ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အခုလို အမေရိကန်အစိုးရက ထုတ်ဖော် ပြောဆိုခြင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအစိုးရ သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဝေဖန် ရေးသားတဲ့ဆောင်းပါးမှာ နောက်ကွယ်က ခြိမ်းခြောက်တဲ့သဘောတွေ တွေ့ရတဲ့အတွက် ဖြစ်ကြောင်းလည်း Mr. Crowley က ပြောပါတယ်။
တဆက်ထဲမှာလည်း မြန်မာအာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွတ်ပေးဖို့၊ နိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အတိုက်ခံ ခေါင်းဆောင်တွေကို ပါခွင့်ပေးပြီး၊ စစ်မှန်တဲ့ ဆွေးနွေးမှု ဖြစ်အောင် ဆောင်ရွက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က အထက် လွှတ်တော်အမတ် Mitch McConnell က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဒီအကြောင်း အသေးစိတ်ကို ဦးကျော်မင်းထွန်းက ဆက်လက်တင်ပြပါမယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |