ဗိုလ်ချုပ် အောင်ဆန်း၏ ဆောင်းပါးစာမူခကို နိုင်ငံရေးအကျဉ်းသားများအားလှူ

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို စာရေးဆရာ ကိုအောင်ဆန်း ဆိုတဲ့ အမည်နဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ ဝိုင်းဝန်း ရေးသားပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ထုတ်ဝေ ဖြန့်ချိလိုက်တဲ့အတွက် ထုတ်ဝေသူနဲ့ စာရေးဆရာတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောဆိုလိုက်ပါတယ်။

2011.02.18
general_aung_san_305_z.jpg မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လန်ဒန်မြို့ အခမ်းအနားတခုတွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။ (Photo: AFP)
AFP

ဒါ့အပြင် အဲဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြ ထားတဲ့အတွက် ထုတ်ဝေသူက ဆောင်းပါးရှင် ဗိုလ်ချုပ်အောင်ဆန်းအတွက် ဉာဏ်ပူဇော်ခအဖြစ် ကျပ်ငွေ ၁ သိန်း ကို ကျန်ရစ်တဲ့ မိသားစုဝင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း မှာ သားတယောက်၊ သမီးတယောက် ကျန်ခဲ့တဲ့အတွက် သမီးတယောက်တည်းက လက်ခံယူရင် မတရားလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ စာမူခကို လက်မခံပဲ တခြား ချို့တဲ့တဲ့ စာရေးဆရာ တယောက်ယောက်ကို လှူလိုက်ဖို့ ပြောတယ်လို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် တို့ကို စာအုပ် လက်ဆောင် သွားပေးခဲ့တဲ့ ကဗျာငြိမ်းသစ်က RFA ကို ပြောပါတယ်။

အဲဒီဉာဏ်ပူဇော်ခကို NLD က ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ကူညီေ စာင့်ရှောက်ရေး အဖွဲ့ကို လှူဒါန်းလိုက်တယ်လို့ ဆရာငြိမ်းသစ်က ဆက်ပြောပါတယ်။

ဒီစာအုပ်ကို ပိတောက်ပွင့်သစ် မဂ္ဂဇင်းအယ်ဒီတာချုပ် ကဗျာဆရာမောင်စိမ်းနီက စီစဉ် ထုတ်ဝေတာပါ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၆ နှစ်မြောက် မွေးနေ့က City Star မှာ စာအုပ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ စာအုပ်ကို အုပ်ရေ တထောင် ရိုက်နှိပ်ပြီး၊ တအုပ်ကို စာအုပ်တိုက်ဖြန့်ချိ ဈေး တသောင်းဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေ မှာ ၁၂၀၀၀ နဲ့ ပြန်ရောင်းချပြီး အဲဒီ ဖြန့်ချိတဲ့ နေ့မှာပဲ စောင်ရေ တထောင်လုံး ရောင်းကုန် သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စာရေးဆရာ ကိုအောင်ဆန်း ဆိုတဲ့ စာအုပ်ကို နောက်ထပ် ဒုတိယအကြိမ်အဖြစ် ပုံနှိပ် ဖြန့်ချိနိုင်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-18 20:04

၎င်းစာအုပ်ပါ ဗိုလ်ချုပ်ဆောင်းပါးကို အောက်ပါ Link၏ စာမြည်းရန်ကိုနှိပ်ခြင်းဖြင့် လေ့လာနိုင်ပါသည်။

http://www.myanmarbookshop.com/MynBookDetails.aspx?intSupplierID=1&intBookID=18665

Anonymous
2013-07-26 17:59

ဖော်ပြချင်တယ်