သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-27
ရပ်ကွက်ငါးခုက အိမ်ခြေတစ်သောင်းနီးပါးကို တပ်ပိုင်မြေပေါ် ကျူးကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တစ်ပတ်အတွင်းပြောင်းရွှေ့ဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့တာလို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။
2022-11-27
စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်က ရွာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံ ငါးသောင်းနီးပါးအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-27
ပဲခူးတိုင်း၊ ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်မှာရှိတဲ့ ရွှေကျင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်လိုက်တယ်လို့ ရွှေကျင်မြို့ခံတွေက RFA ကို ပြောပါတယ်။
2022-11-27
တိုက်ပွဲကြောင့် စစ်တွေမြို့ပေါ် ထွက်ပြေးလာရသူတွေကို ဒေသအာဏာပိုင်တွေကလည်း ထောက်ပံ့ကူညီတာမျိုး မတွေ့ရဘူးလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
2022-11-27
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကလေးမြို့ဟာ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့မြို့ဖြစ်သလို တာဟန်းသပိတ် ဖြိုခွင်းခံရပြီး အရပ်သားတွေ သေဆုံးခဲ့ရမှုလည်း များခဲ့ပါတယ်။
2022-11-27
ကိုင်းလယ်ရဲစခန်းကို အခုနှစ်ထဲမှာပဲ နှစ်ကြိမ်စီးနင်းခဲ့ပေမယ့် ထိခိုက်မှုတွေမရှိခဲ့ဘဲ အခုတစ်ကြိမ်မှာတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ စီးနင်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကျအဆုံးရှိခဲ့တာလို့ ပြောပါတယ်။
2022-11-27
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောရွာအုပ်စု၊ ဆူးပုတ်ချောင်ရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့သလို ဒီနေ့မှာလည်း ရွာအနီးမှာ တိုက်ပွဲဖြစ်နေလို့ အနီးအနားရွာတွေက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-26
ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ EU တို့က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရန်ပုံငွေထောက်ပံ့ကူညီမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတာ ဖြစ်ပါတယ်။
2022-11-26
ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်အကြား ဝင်ရောက်စေ့စပ်ပေးတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
2022-11-26
ဒေါနတောင်ခြေက ကော့နွဲ့၊ ကော့မူး နဲ့ ကျောက်စာရစ်ကုန်း ဒီရွာသုံးရွာက ဒေသခံ လေးရာကျော်ဟာ ကော့ကရိတ်မြို့နယ်ခွဲ(နဘူးမြို့နယ်ခွဲ)မှာ ခိုလှုံနေကြပါတယ်။
2022-11-26
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသမှာရှိတဲ့ စစ်ကောင်စီတပ် သာမိုးတောင်စခန်းကို KNLA တပ်တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က စစ်ရဟတ်ယဉ်နဲ့ ပြန်လည်ပစ်ခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ KNLA က ပြောပါတယ်။
2022-11-26
နိုဝင်ဘာလ ၂၅ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲဖြစ်ခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတာကြောင့် ကုန်းသာရွာအပါအဝင် အနီးနားရွာငါးရွာက ဒေသခံ ၃၀၀ နီးပါး သီပေါမြို့ကို ထွက်ပြေးလာကြတယ်လို့ သီပေါ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-11-26
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သောက္ကန်ရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၇ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2022-11-26
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ရွာပေါင်း ၅၅ ရွာက နေအိမ်ပေါင်း ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၂၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-11-26
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေလို့ ရွာကိုမီးရှို့မယ့်အကြောင်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။