သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-28
တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန်မော်ရွာကြားက KKK ဂိမ်းဆိုင်မှာ အောက်တိုဘာလ ၂၇ ရက် မနေ့နေ့လယ်ပိုင်း ပစ်ခတ်မှုဖြစ်ခဲ့ တာကြောင့် ပြည်သူ့စစ်တစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။
2021-10-28
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော် နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြရတာဖြစ်ပါတယ်။
2021-10-28
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြရပါတယ်။
2021-10-28
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းထိပ် Urban Asia Center က ကမ္ဘောဇဘဏ် (KBZ) ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို လက်နက်ခဲ ယမ်းတွေနဲ့ပါ ဖမ်းမိတယ်လို့ အောက်တိုဘာလ ၂၇ ရက် မနေ့မှာပဲ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
2021-10-28
ကိုဗစ် - ၁၉ ရောဂါကြောင့် နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်ထားတဲ့အထဲက မြို့နယ် ၄၄ ခုကို အောက်တိုဘာလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2021-10-27
မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တိုင်းရုံးအဆောက်အုံ အတွင်းပိုင်း အောက်တိုဘာလ ၂၇ ရက်၊ မနေ့ည ၁၂ နာရီလောက်က ဖောက်ခွဲခံ လိုက်ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-10-27
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါ ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကနီမြို့နယ် PDF က ၁ဝ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က တပ်သား အများအပြား သေကြေဒဏ်ရာရပြီး PDF ဘက်က နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။
2021-10-27
စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်ကစလို့ စက်တင်ဘာ ၃၀ ရက်ထိ ရှစ်လအတွင်း မြန်မာနိုင်ငံတဝန်း အကြမ်းဖက်နှိမ်နင်းချိန်မှာ ကျန်းမာရေးဝန်ထမ်း ၂၉ ယောက်အသတ်ခံရပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ၂၉၇ ကြိမ် တိုက်ခတ်ခံရ၊ ခြိမ်းခြောက်ခံရတယ် လို့ လေ့လာချက်တရပ်က ဖော်ပြလိုက်ပါတယ်။
2021-10-27
လက်ရှိအချိန်ဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံး အချိန်ဖြစ်ပြီး စစ်အာဏာ ရှင်ပြုတ်ကျရေးအတွက် မည်သူနဲ့မဆို ပူးပေါင်းလုပ် ဆောင်သွားမယ်လို့ ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၅ ရက်နေ့က ပြောကြားလိုက် ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလမ်းကြောင်းအတိုင်းပဲ ဆက်သွားနေတယ်လို့ ပြောပါတယ်။
2021-10-27
မြန်မာနိုင်ငံတဝန်း ပြည်တွင်းစစ်မီး ပျံ့နှံ့လာနေပြီဖြစ်လို့ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို ဖယ်ရှားပြီး ပြဿနာကို အပြု သဘောဆောင် ငြိမ်းခြိမ်းချမ်းချမ်း ဖြေရှင်းလိုတဲ့ အင်အားစုတွေနဲ့ အစားထိုး နိုင်ဖို့လိုကြောင်း မကြာခင် တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener က တိုက်တွန်းလိုက်ပါတယ်။
2021-10-27
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ရာဇသတ် ကြီးဥပဒေပုဒ်မ - ၅၀၅(ခ) အမှုအတွက် မနေ့က နေပြည်တော်တရားရုံးမှာ ကိုယ်တိုင်ခုခံချေပခဲ့ပေမယ့် အကျိုးဆောင်ရှေ့နေတွေကို အမှုအကြောင်း အပြင်မှာပြောဆိုခွင့် စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက် မနေ့က ထွက်ဆိုချက်အသေးစိတ်ကို အများပြည်သူ သိခွင့်မရကြပါဘူး။
2021-10-27
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်သစ်အဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံက မစ္စ နိုလင်း ဟေဇာကို ခန့်အပ်လိုက်တာကြောင့် အာဆီယံနဲ့ ပူးပေါင်းပြီး မြန်မာ့အကျပ်အတည်းကို ပိုပြီးဖြေရှင်းနိုင်မယ်လို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
2021-10-27
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အကြား တိုက်ပွဲတွေရပ်တန့်ပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ရှမ်းသံဃာနဲ့ ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဒီကနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2021-10-27
စက်တင်ဘာလကုန်ပိုင်းမှာ စံချိန်တင်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေးနဲ့ အမေရိကန် ဒေါ်လာဈေးဟာ ဒီရက်ပိုင်းမှာ သိသိသာသာ ကျဆင်းလာပါတယ်။
2021-10-27
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာရွာနဲ့ ငွေတောင်ရွာသစ်ရွာကြားမှာ အောက်တိုဘာလ ၂၆ ရက် မနေ့ညနေ ၄ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) က သတင်းထုတ်ပြန်ပါတယ်။