မန္တလေး NLD ပါတီတိုင်းရုံး ဗုံးခွဲ ဖျက်ဆီးခံရ

2021.10.27
မန္တလေး NLD ပါတီတိုင်းရုံး ဗုံးခွဲ ဖျက်ဆီးခံရ ၂၀၂၁၊ အောက်တိုဘာ ၂၇ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တိုင်းရုံးအဆောက်အုံကို မြင်ရစဉ်
Photo: Citizen Journalist

မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တိုင်းရုံးအဆောက်အုံအတွင်းပိုင်း အောက်တိုဘာလ ၂၇ ရက်၊ မနေ့ည ၁၂ နာရီလောက်က ဖောက်ခွဲခံလိုက်ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

“ကွဲအားပြင်းတယ်၊ ည ၁၂ နာရီလောက်ကွဲတာ၊ ဘေးအိမ်တွေပါ မှန်တွေကွဲတယ်၊ အနီးပတ်ဝန်းကျင်ပါ တုန်သွားတယ်၊ အဆောက်အအုံကို ပြိုအောင်ကိုခွဲတာ၊ NLD ပါတီ မုန်းတီးသူတွေက လိုက် ဖျက်ဆီး နေတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း NLD ပါတီရုံးဟာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ချိတ်ပိတ်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း ရုံးအတွင်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားတွေ ဖျက်ဆီး ခံခဲ့ရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့က NLD တိုင်းရုံး အပါအဝင် မြိတ်မြို့က NLD ရုံးတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး တိုင်းရုံး အဆောက်အအုံကတော့ ပြိုကျပျက်စီးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။